[fsn_row][fsn_column width=”12″][fsn_text]
MPT Myanmar Natonal League (U-21) 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) အပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် MFF Youth အသင်းမှ အောင်ကိုဦးက သွင်းဂိုး ၁၆ ဂိုးဖြင့် ထိပ်ဆုံးတွင်ဦးဆောင်လျက်ရှိသည်။
Week-16 အပြီး သွင်းဂိုးအများဆုံး အဆင့် ၁ နေရာတွင် MFF Youth အသင်းမှ အောင်ကိုဦးက သွင်းဂိုး ၁၆ ဂိုးဖြင့်လည်းကောင်း၊ အဆင့် ၂ နေရာတွင် ဟံသာဝတီယူနိုက်တက် ယူ-၂၁ အသင်းမှ သူရမိုးက သွင်းဂိုး
၁၁ ဂိုးဖြင့်လည်းကောင်း၊ အဆင့် ၃ နှင့် အဆင့် ၄ နေရာများတွင် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းမှ ရော်ဘင်တိုင်ဆန်နှင့် မကွေးအသင်းမှ ဝေယံထွန်းတို့က သွင်းဂိုး ကိုးဂိုးစီဖြင့် အသီးအသီးရပ်တည်နေကြသည်။
လက်ရှိတွင် MFF Youth အသင်းသည် ၁၈ ပွဲကစားထားပြီး ၁၅ ပွဲ နိုင်၊ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၄၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ဦးဆောင်နေသည်။ MFF Youth အသင်းသည် လာမည့်
ဇူလိုင် ၁၂ ရက် တောင်ဒဂုံကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။
[/fsn_text][/fsn_column][/fsn_row]