MNL II

ယူ-၁၈ လူငယ်လိဂ်ပြိုင်ပွဲ မောရဝတီနှင့် ရွိုင်ရယ်သန်လျင် ပွဲစဉ်အတွင်း ခိုက်ရန် ဖြစ်ပွားမှု အတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ်ချမှတ်

By Ye Min Win

July 12, 2019

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က MPT Myanmar National League Youth (U-18) 2019 လူငယ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ အဖြစ် မောရဝတီ ယူ-၁၈ အသင်းနှင့် ရွိုင်ရယ် သန်လျင် ယူ-၁၈ အသင်းတို့ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲချိန်အတွင်း ကစားသမား အချင်းချင်း ခိုက်ရန်ဖြစ်ပွား ခဲ့သောကြောင့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်မှု ပြုလုပ်ခဲ့သည်။

ယင်းပွဲစဉ်၏ ပွဲချိန် ၆၈ မိနစ်တွင် ရွိုင်ရယ်သန်လျင် အသင်းမှ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရွိုင်ရယ်သန်လျင် အသင်းမှ ဇော်ထက်ပိုင် (ကျောနံပါတ် ၈) နှင့် မောရဝတီ ဂိုးသမား ဝေလင်း (ကျောနံပါတ် ၁) တို့ ဂိုးအတွင်း ဘောလုံးလုကောက်ရင်း အပြန်အလှန် ထိုးကြိတ်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ ဖြစ်ရပ် အတွင်းသို့ မောရဝတီ အသင်းမှ ဖြိုးခန့်ဇော် (ကျောနံပါတ် ၂၉) နှင့် ရွိုင်ရယ်သန်လျင် အသင်းမှ ကောင်းခန့် (ကျောနံပါတ် ၁၂) တို့လည်း ပါဝင်လာခဲ့ကာ အပြန်အလှန် ထိုးကြိတ်ခဲ့ကြပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ယနေ့ ဇူလိုင် ၁၂ ရက် နေ့လည်ပိုင်းတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်၍ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ အစီရင်ခံစာ များကို ဖတ်ရှုလေ့လာခြင်း ပြုလုပ်ပြီး အောက်ပါအတိုင်း အရေးယူမှု ပြုလုပ်ခဲ့ပါသည်။