ဒဂုံအသင်းကို အနိုင်ယူကာ အမှတ်ပေးဇယား ဆက်လက်ဦးဆောင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

July 20, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-17) ပွဲစဉ်တစ်ပွဲဖြစ်သည့် ရန်ကုန် ယူနိုက်တက်အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ပွဲစဉ်တွင် ရန်ကုန်အသင်းမှ သုံးဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့ သည်။

ရန်ကုန်အသင်းသည် ပွဲအစ ငါးမိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး လူငယ်တိုက်စစ်မှူး ကောင်းထက်စိုးက သွင်းယူပေး ခဲ့သည်။ ဒဂုံအသင်းသည် ဦးဆောင်ဂိုးပေးခဲ့ရသည့်အတွက် ချေပဂိုး ပြန်လည် ရရှိရန် ရန်ကုန်အသင်းဘက် သို့ တိုက်စစ်ဖိ ပြန်လည်ကစားခဲ့ပြီး ဂိုးရမည့် အခွင့်အရေးအချို့ ရရှိခဲ့သည်။ ရန်ကုန်အသင်းသည် ဂိုးရရှိပြီးနောက်ပိုင်း ကစားပုံအပျက်များခဲ့ပြီး ဒဂုံအသင်းမှ ကစားပုံကောင်းခဲ့သည်။ သို့သော်ပွဲချိန် ၄၂ မိနစ်တွင် ရန်ကုန်အသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ပထမဂိုးသွင်းယူပေးခဲ့သည့် ကောင်းထက်စိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ရန်ကုန်အသင်းမှနှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး လေးမိနစ်အကြာတွင် ရန်ကုန်အသင်းမှ တတိယဦးဆောင်ဂိုးရခဲ့ပြီး မောင်မောင်လွင်မှ သွင်းယူပေးခဲ့သည်။ ဒဂုံအသင်းသည် ဦးဆောင်ဂိုးများ ခွင့်ပြုရသော်လည်း ကစားအားကျခြင်းမရှိဘဲ ချေပဂိုးများ ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းကစားခဲ့သည်။ ရန်ကုန်အသင်းသည် ဒုတိယပိုင်းတွင် သန်းပိုင်၊ ဆီလာတို့ကို ထည့်သွင်းကစားခဲ့ပြီး သန်းပိုင်နှင့် ဆီလာတို့သည် ဂိုးသွင်းခွင့်များရရှိသော်လည်း အဆုံးသတ်မသေချာမှု များကြောင့် ဂိုးအဖြစ် မပြောင်းခဲ့ပေ။ ထို့ကြောင့် ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ခဲ့သည်။

[/fsn_text][/fsn_column][/fsn_row]