[fsn_row][fsn_column width=”12″][fsn_text]
ISPE အသင်းကို အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့သည့် မြ၀တီအသင်း
MPT Myanmar National League (U-20) 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက်(ယနေ့) ညနေက ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သည်။
ချန်ပီယံအဆုံးအဖြတ် အဖြေပေါ်မည့် နောက်ဆုံးပွဲစဉ်တွင် ISPE အသင်းနှင့် မြ၀တီ အသင်းတို့ အကြိတ်အနယ်ကစားခဲ့ကြပြီး မြ၀တီအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ပြီး ချန်ပီယံဆုဖလားရရှိသွားခဲ့သည်။ မြ၀တီအသင်းက ရမှတ် ၃၉ မှတ်ဖြင့် ပထမရရှိ ခဲ့ ခြင်းဖြစ်ပြီး ISPE အသင်းက ရမှတ် ၃၇ မှတ်ဖြင့် ဒုတိယရရှိခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ပြီး ယူ-၂၀ အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် တတိယဆုကို Universtiy အသင်းမှ ရရှိခဲ့ပြီး တတိယဆုရခဲ့သည့် University အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ဆုငွေ ကျပ် ၃၅ သိန်းချီး မြှင့် ခဲ့သည်။ တတိယဆုရ University အသင်းအတွက် တစ်ဦး ချင်း ဆုတံဆိပ်များကို ရန်ကုန်အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ ချီးမြှင့်ပေးခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးကိုကို သိန်းမှ ဆုကြေးငွေ ကျပ် ၃၅ သိန်း ချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲတွင် ဒုတိယဆုကို ISPE အသင်းမှ ရရှိခဲ့ပြီး တစ်ဦးချင်း ဆုတံဆိပ်များနှင့်အတူ ဆု ငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့သည်။ ဒုတိယဆုရခဲ့သည့် ISPE အသင်းအား တစ်ဦး ချင်းဆုတံဆိပ်များကို ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်များ ဘောလုံး ဆပ်မကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသောင်းထိုက်မှ ချီးမြှင့် ပေးခဲ့ပြီး မြ၀တီအက်ဖ်စီ အမှုဆောင်အရာရှိချုပ် ဦးမြတ်စိုးမှ ဆုကြေးငွေကျပ် သိန်း ၇၀ ချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲတွင် ချန်ပီယံ(ပထမဆု)ကို မြ၀တီအသင်းမှ ရရှိခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များ နှင့် အတူ ဆုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့သည်။ ပထမရရှိခဲ့သည့် မြ၀တီအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်မှ ချီးမြှင့်ပေးခဲ့ပြီး MPT, Dy Director of Marketing ဦးခင်မောင်မြင့်မှ ဆုကြေးငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်မှ မြ၀တီ အသင်းအား တံခွန်စိုက် ချန်ပီယံဆုဖလား ချီးမြှင့်ပေးခဲ့သည်။
[/fsn_text][/fsn_column][/fsn_row]