[fsn_row][fsn_column width=”12″][fsn_text]
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18) ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ရတနာပုံအက်ဖ်စီအသင်းနှင့် ကစားရမည်ဖြစ်ပြီး ရာသီကုန်တွင်အဆင့် ၃ ရရှိရန် ရတနာပုံအသင်းနှင့်ပွဲအား အကောင်းဆုံးကြိုးစားသွားမည်ဟု ရခိုင်ယူနိုက်တက်အသင်းနည်းပြ ဦးသန်းဝေက ပြောခဲ့သည်။
လာမည့် ဇူလိုင် ၂၈ ရက်(မနက်ဖြန်) ညနေ ၄း၀၀၊ မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင် ရတနာပုံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ကစားမည်ဖြစ်သည်။ ရတနာပုံအသင်းနှင့်ပွဲစဉ်နှင့် ပတ်သက်၍ ရခိုင်
ယူနိုက်တက်အသင်းနည်းပြ ဦးသန်းဝေက ‘ရတနာပုံအသင်းက အစဉ်အလာရှိတဲ့အသင်းပါ။ သူ့ရဲ့ အိမ်ကွင်းလဲဖြစ်တယ်။ အိမ်ကွင်းပရိသတ်ရှေ့မှာဆိုတော့ အကောင်းဆုံးကြိုးစားမှာသေချာတယ်။ ရခိုင်ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ပွဲ ရှုံးခဲ့တဲ့အတွက်ပွင့်ပွင့်လင်းလင်းပြောရရင် ဒီပွဲကို နိုင်ချင်တယ်။ တန်းဆင်းဇုန်က လွတ်သွားတယ်ဆိုပေမယ့် နည်းနည်း လောဘဇောတွေ တက်လာတယ်။ အဆင့် ၄ ကနေ ၅ ကိုရောက်သွားတော့ ၄ နေရာကို ပြန်ရောက်ချင်
တယ်။ အဲဒီကနေ အဆင့် ၃ လောက်ထိ မျှော်လင့်ထားတယ်။ အဲဒါလေးဖြစ်အောင် မနက်ဖြန်ပွဲ အကောင်းဆုံးကြိုးစားမယ်’ ဟု ပြောခဲ့သည်။
လက်ရှိတွင် ရခိုင်ယူနိုက်တက်အသင်းသည် ရမှတ် ၂၆ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေပြီး ရတနာပုံအသင်းသည် ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။ ရတနာပုံအသင်းနှင့်
ရခိုင်ယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ကစားမည့် ပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။
[/fsn_text][/fsn_column][/fsn_row]