[fsn_row][fsn_column width=”12″][fsn_text]
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18) ပွဲစဉ်တစ်ပွဲဖြစ်သည့် ရတနာပုံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
ပထမပိုင်းတွင် ရတနာပုံအသင်းသည် ဦးဆောင်ဂိုးရရှိရန် ရခိုင်ယူနိုက်တက်အသင်းဘက်သို့ ထိုးဖောက်ခဲ့သော် လည်း ထိရောက်မှု မရှိရောက်ခဲ့ပေ။ ရခိုင်ယူနိုက်တက်အသင်းသည် တန်ပြန်တိုက်စစ်မှတစ်ဆင့်အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုများရှိခဲ့သည်။ သို့သော် ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်သည့်အတွက် ဂိုးမရှိသရေဖြစ်ခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၇၁ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ကီဗင်က သွင်းယူပေးခဲ့သည်။ ရတနာပုံအသင်းသည် ဦးဆောင်ဂိုးပေးရသည့်အတွက် ချေပဂိုး ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ပြီး ရခိုင်ယူနိုက်တက် အသင်း ဂိုးသမားနှင့် နောက်ခံလူများ၏ ဖြတ်ထုတ်မှုကြောင့် ဂိုးမရခဲ့ပေ။ သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီးတွင် ကွင်းလယ်ဒိုင်လူကြီးမှ အချိန်ပို ၅ မိနစ်ပေးခဲ့သည်။နာကျင်အချိန်ပို၉၀+၁ မိနစ်တွင် ရတနာပုံအသင်းမှ ချေပဂိုး ရရှိခဲ့ပြီး လှိုင်းဘိုဘိုမှ ကန်သွင်းယူပေးခဲ့သည်။ လက်ကျန်အချိန်ပိုမိနစ်များတွင် နှစ်သင်းစလုံးမှ ဂိုးထပ်မံ မရခဲ့သည့်အတွက် တစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။
ရခိုင်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၈ ပွဲကစားပြီးတွင် ခြောက်ပွဲ နိုင်၊ ကိုးပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၂၇ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ဆက်လက်ရပ်တည်ခဲ့သည်။ ရတနာပုံအသင်းသည် ပွဲစဉ် ၁၈ ပွဲ
ကစားပြီးတွင် ခုနစ်ပွဲ နိုင်၊ ငါးပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၂၆ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ဆက်လက်ရပ်တည်ခဲ့သည်။
[/fsn_text][/fsn_column][/fsn_row]