MPT U-14 ဘောလုံးပြိုင်ပွဲ(ရန်ကုန်) ဆုပေးပွဲ အခမ်းအနား ကျင်းပ

August 5, 2019

[fsn_row][fsn_column width=”12″][fsn_text]

ဗိုလ်လုပွဲတွင် West(C)အသင်းကို အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့သည့် North(C)အသင်း

 

MPT U-14 ဘောလုံးပြိုင်ပွဲ(ရန်ကုန်)၏ နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို သြဂုတ် ၅ ရက်(ယနေ့) ညနေက YUSC ကွင်း၌ ကျင်းပခဲ့ သည်။  

 ဗိုလ်လုပွဲတွင် North(C) အသင်းက West(C)အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ တတိယနေရာလုပွဲတွင် North(B)အသင်းက East(A)အသင်းကို လေးဂိုး ဂိုးမရှိအနိုင်ရပြီး တတိယရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားဆက်လက်ကျင်းပခဲ့ပြီး ရှေးဦးစွာ ဗိုလ်လုပွဲတွင် တာဝန် ကြီးကြပ်ခဲ့သည့် ဒိုင်လူကြီးများကို Myanmar Care မှ အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။ ဒိုင်လူကြီးများအတွက် ဆုလက်ဆောင်များကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ချီးမြှင့်ပေးခဲ့သည်။

MPT U-14 ဘောလုံးပြိုင်ပွဲတစ်လျှောက် ရှေ့တန်းအကောင်းဆုံးကစားသမားဆုကို North (B) အသင်းမှ  Tam Shwae က ရရှိခဲ့ပြီး ဆုကြေးငွေကျပ် နှစ်သောင်းနှင့်အတူ Myanmar Care မှ အမှတ်တရအားကစား ဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။ Tam Shwae အတွက် ဆုငွေကျပ် နှစ်သောင်းနှင့် အမှတ်တရ လက်ဆောင်များကို Myanmar Care မှ ဦးမိုးဇော်မှ ချီးမြှင့်ပေးခဲ့သည်။  

MPT U-14 ဘောလုံးပြိုင်ပွဲတစ်လျှောက် အလယ်တန်းအကောင်းဆုံးကစားသမား ဆုကို East (A) အသင်းမှ လှိုင်ထွဋ်ကရရှိခဲ့ပြီး ဆုကြေးငွေကျပ် နှစ်သောင်းနှင့်အတူ Myanmar Care မှ အမှတ်တရ အားကစားဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။ လှိုင်ထွဋ် အတွက် ဆုငွေကျပ် နှစ်သောင်းနှင့် အမှတ်တရ လက်ဆောင်များကို MPT-KSGM JO မှ COO Mr.Yoshiaki Bennio မှ ချီးမြှင့်ပေးခဲ့သည်။  

MPT U-14 ဘောလုံးပြိုင်ပွဲတစ်လျှောက် နောက်တန်းအကောင်းဆုံးကစားသမားဆုကို West(C)အသင်း မှ စည်သူခန့်က ရရှိခဲ့ပြီး ဆုကြေးငွေကျပ် နှစ်သောင်းနှင့်အတူ Myanmar Care မှ အမှတ်တရ အားကစားဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။ စည်သူခန့်အတွက် ဆုငွေကျပ် နှစ်သောင်းနှင့် အမှတ်တရလက်ဆောင်များကို Myanmar Care မှ ဦးမိုးဇော်က ချီးမြှင့်ပေးခဲ့သည်။  

MPT U-14 ဘောလုံးပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုကို North (C) အသင်းမှ ရဲဝဏ္ဏထွန်းက ရရှိခဲ့ပြီး ဆုကြေးငွေကျပ် နှစ်သောင်းနှင့်အတူ Myanmar Care မှ အမှတ်တရအားကစားဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။ ရဲဝဏ္ဏထွန်း အတွက် ဆုငွေကျပ် နှစ်သောင်းနှင့် အမှတ်တရလက်ဆောင်များကို ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဆွေဦးမှ ချီးမြှင့်ပေးခဲ့သည်။  

MPT U-14 ဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးကစားသမားဆုကို North (C) အသင်းမှ သက်ပိုင်ဖြိုးက ရရှိခဲ့ပြီး ဆုကြေးငွေကျပ် နှစ်သောင်းနှင့်အတူ Myanmar Care မှ အမှတ်တရအားကစားဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။ သက်ပိုင်ဖြိုးအတွက် ဆုငွေကျပ် နှစ်သောင်းနှင့် အမှတ်တရလက်ဆောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ)ဦးအောင်ကျော်ဦးမှ ချီးမြှင့် ပေးခဲ့သည်။  

ထို့ပြင် အကောင်းဆုံးကစားသမားဆုကိုလည်း သက်ပိုင်ဖြိုးမှ ထပ်မံရရှိခဲ့ပြီး ဆုငွေ ကျပ် သုံးသောင်းနှင့်အတူ Myanmar Care မှ အမှတ်တရ အားကစားလက်ဆောင်များချီး မြှင့်ခဲ့သည်။ သက်ပိုင်ဖြိုးအတွက် ဆုငွေနှင့် လက်ဆောင်များကို  Myanmar Brewery Limited မှ National Business Development Manager ဦးကျော်ဇေယျာတင်မှ ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆုကို East (A) အသင်းမှ ရရှိခဲ့ပြီး Premier Wellness မှ ဆုကြေးငွေကျပ် နှစ်သိန်းချီးမြှင့်ခဲ့သည်။ East(A) အသင်းအတွက် ဆုငွေ ကျပ် နှစ်သိန်းကို Premier Coffee မှ Operation Manager ဦးကျော်လင်းထိုက်မှ ချီး မြှင့်ပေးခဲ့သည်။

တတိယဆုကို North (B) အသင်းမှ ရရှိခဲ့ပြီး North (B) အသင်းအတွက် တစ်ဦးချင်းဆု တံဆိပ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းမှ ချီးမြှင့်ပေးခဲ့ပြီးဆုကြေးငွေကျပ် သုံးသိန်းကို Myanmar Brewery Limited မှ National Business Development Manager ဦးကျော်ဇေယျာတင်မှ ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ဒုတိယဆုကို West (C) အသင်းမှ ရရှိခဲ့ပြီး တစ်ဦးချင်းငွေတံဆိပ်ဆုများကို ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဦးအောင်ကျော်ဦးမှ ချီးမြှင့်ပေးခဲ့ပြီး ဆုကြေးငွေကျပ် ငါးသိန်းကို မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ်၊ ဦးဆူးအောင်မှ ချီးမြှင့်ပေးခဲ့သည်။

 

MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲ(ရန်ကုန်)တွင် ပထမဆုကို North(C) အသင်းမှ ရရှိခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုကြေးငွေကျပ် ၁၀ သိန်းကို MPT-KSGM JO မှ COO Mr.Yoshiaki Bennio မှ ချီးမြှင့်ပေးခဲ့သည်။  

North (C) အသင်းအတွက် တံခွန်စိုက် ချန်ပီယံဆုဖလားကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇမှ ချီးမြှင့်ပေးခဲ့သည်။

[/fsn_text][/fsn_column][/fsn_row]