[fsn_row][fsn_column width=”12″][fsn_text]
ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့် သြဂုတ် ၁၀ ရက်၊ ပုသိမ်ကွင်းတွင် ရန်ကုန်ယူနိုက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်း၏ နောက်ခံလူ မွန်ကာလူး ပွဲပယ် ပြစ်ဒဏ်ကြောင့် ပါဝင်
နိုင်မည်မဟုတ်ပေ။
အိုင်ဗရီကို့စ် နောက်ခံလူ မွန်ကာလူးသည် ပြီးခဲ့သည့် ပထမအကျော့အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဧရာဝတီယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ မွန်ကာလူးသည် ဒုတိယအကျော့ ဧရာဝတီအသင်း
ယှဉ်ပြိုင်ကစားပြီးခဲ့သည့် ပွဲစဉ်များတွင် အဓိက ပွဲထွက် ကစားသမားတစ်ဦးအဖြစ် ၀င်ရောက်ကစားခွင့်ရရှိထားသူလည်းဖြစ်ပြီး လက်ရှိတွင် အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးထားသည်။ ဧရာဝတီယူနိုက်တက်အသင်းတွင် ကျောနံပါတ် ၅၅ ၀တ်ဆင်ကစားနေသည့် မွန်ကာလူးသည် အ၀ါကတ် သုံးကတ် ပြည့်ခဲ့သည့်အတွက် သုံးဝါတစ်ပွဲ ပယ်ခံရခြင်းဖြစ်ပြီး ရန်ကုန်အသင်းနှင့်ပွဲကို လွဲချော်ရခြင်းဖြစ်သည်။ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်ကို လာမည့် သြဂုတ် ၁၀ ရက်၊ ညနေ ၃း၃၀၊ ပုသိမ်ကျောက်တိုင်ကွင်းတွင် ကစားမည်ဖြစ်ပြီး အဆိုပါပွဲအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ လက်ရှိတွင် ဧရာဝတီအသင်းသည် ၁၀ ပွဲ နိုင်၊ ခုနစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၃၇ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ရန်ကုန်အသင်းသည် ၁၁ ပွဲ နိုင်၊ ငါးပွဲ သရေ၊ သုံးပွဲ ရှုံးရမှတ် ၃၈ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ရပ်တည်နေသည်။
[/fsn_text][/fsn_column][/fsn_row]