[fsn_row][fsn_column width=”12″][fsn_text]
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲတွင် တစ်ဖက်တစ်ဂိုးစီဖြင့်
သရေကျခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းမှ ပွဲချိန် ၂၃ မိနစ်တွင် သန်းပိုင်၏ သွင်းဂိုးဖြင့် အိမ်ရှင် ဧရာဝတီအသင်းကို ဦးဆောင်ကစားခဲ့သည်။ အိမ်ရှင်ဧရာဝတီအသင်းသည် ရန်ကုန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာဖြင့်
ဖိအားပေး တိုက်စစ်ဆင်ကစားသော်လည်း အဆုံးသတ်မသေချာမှုများကြောင့် ပထမပိုင်းအပြီးတွင် ချေပဂိုး ပြန်လည်မရခဲ့ပေ။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၆၅ မိနစ်တွင် အိမ်ရှင်ဧရာဝတီအသင်းမှ ချေပဂိုးစတင်ရခဲ့ပြီး လူစားဝင်ရောက်လာသည့် အောင်ကောင်းမာန်မှ သွင်းယူပေးခဲ့သည်။ ချေပဂိုးရပြီးနောက် ဧရာဝတီအသင်းသည်ကစားအားတက်ခဲ့ပြီး ရန်ကုန်အသင်းဘက်သို့ ဖိအားပေးတိုက်စစ်ဆင်ကစားပြီး ရန်ကုန်အသင်းမှ တန်ပြန်တိုက်စစ်ဖြင့်သာ ဧရာဝတီအသင်းကို တုံ့ပြန်ကစားခဲ့သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံးမှဂိုးရမည့် အခွင့်အရေးကိုယ်စီရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းနိုင်ခဲ့သည့်အတွက် တစ်ဖက်တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။
[/fsn_text][/fsn_column][/fsn_row]