ရခိုင်ယူနိုက်တက်အသင်း နောက်ခံလူ နှစ်ဦး ပွဲပယ်ပြစ်ဒဏ်ကြောင့် Chinland အသင်းနှင့်ပွဲ လွဲချော်မည်

August 15, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-21) ပွဲစဉ်တစ်ပွဲအဖြစ် ရခိုင်ယူနိုက် တက်အသင်းသည် Chinland အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင်ရခိုင်ယူနိုက် တက်အသင်း နောက်ခံလူ နှစ်ဦးဖြစ်သည့် ကီဗင်နှင့် ဖြိုးဝေအောင်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။

နိုင်ဂျီးရီးယား နိုင်ငံသား ကီဗင်နှင့် ဖြိုးဝေအောင်တို့သည် အ၀ါကတ် သုံးကတ်ပြည့်ခဲ့သည့်အတွက် Chinland အသင်းနှင့်ပွဲအား လွဲချော်ရခြင်းဖြစ်သည်။ နောက်ခံလူ ကီဗင်သည် ရခိုင်ယူနိုက်တက်အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ၂၀ ပွဲစလုံး ပွဲထွက် ကစားခွင့်ရထားသူဖြစ်သလို ဖြိုးဝေအောင်တို့သည် ရခိုင်ယူနိုက်တက်အသင်း အားကိုးရသည့် အဓိက ပွဲထွက် ကစားသမားတစ်ဦးဖြစ်သည်။ ပွဲစဉ် ၂၀ ပွဲကစားပြီးချိန်တွင် ရခိုင်ယူနိုက်တက်အသင်းသည် ခုနစ်ပွဲ နိုင်၊ ကိုးပွဲ သရေ၊ လေးပွဲ ရှုံး ရမှတ် ၃၀ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေပြီး Chinland အသင်းသည် လေးပွဲ နိုင်၊ လေးပွဲ သရေ၊ ၁၂ ပွဲရှုံး ရမှတ် ၁၆ မှတ်ဖြင့် အဆင့် ၁၁ တန်းဆင်းဇုန်တွင် ရပ်တည်နေသည်။

Chinland အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ကစားမည့်ပွဲစဉ်ကို လာမည့် သြဂုတ် ၁၈ ရက်၊ ညနေ ၄း၀၀ ၊ သုဝဏ္ဏကွင်းတွင် ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အား My Sports Facebook Page မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ Chinland အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပထမအကျော့ တွေ့ဆုံမှုတွင် ဂိုးမရှိ သရေကျထားသည်။

[/fsn_text][/fsn_column][/fsn_row]