ဟံသာဝတီအသင်း နောက်ခံလူ မိုက်ကယ် ပွဲပယ်ပြစ်ဒဏ်ကြောင့် ဧရာဝတီအသင်းနှင့်ပွဲ လွဲချော်

August 15, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-21) ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီ ယူနိုက်တက်အသင်းသည် ဧရာဝတီယူနိုက်တက်အသင်းနှင့် အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး
အဆိုပါပွဲတွင် အသင်း၏ နောက်ခံလူ မိုက်ကယ်ဟင်နရီသည် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။

နိုင်ဂျီးရီးယား နိုင်ငံသား နောက်ခံလူ မိုက်ကယ်ဟင်နရီသည် အ၀ါကတ် သုံးကတ်ပြည့်ခဲ့သည့်အတွက် ဧရာဝတီ ယူနိုက်တက်အသင်းနှင့်ပွဲကို လွဲချော်ရခြင်းဖြစ်သည်။ မိုက်ကယ်သည် ဟံသာဝတီယူနိုက်တက်အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ၂၀ ပွဲစလုံးတွင် အဓိက ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရထားသည့် ကစားသမားတစ်ဦးဖြစ်သည်။ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်ကို လာမည့် သြဂုတ် ၁၈ ရက်၊ ညနေ ၃း၃၀၊ ပဲခူးမြို့၊ Grand Royal ကွင်းတွင် ကစားမည်ဖြစ်ပြီး အဆိုပါပွဲအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် MRTV-4 တို့မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။
လက်ရှိတွင် ဟံသာဝတီအသင်းသည် ရမှတ် ၃၂ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး ဧရာဝတီယူနိုက် တက်အသင်းသည် ရမှတ် ၃၈ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ ဟံသာဝတီအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ပထမအကျော့ တွေ့ဆုံမှုတွင် ဧရာဝတီအသင်းမှ သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရထားသည်။

[/fsn_text][/fsn_column][/fsn_row]