မြန်မာနေရှင်နယ်လိဂ် လက်ကျန် ပွဲများတွင် Additional Assistant Referee ၂ ဦး ပါဝင်သည့် ဒိုင်လူကြီး ၆ ဦး စနစ် အသုံးပြုသွားမည်

August 15, 2019

ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2019 အမှတ်ပေး ဘောလုံးပြိုင်ပွဲကြီး၏ အရေးကြီးသည့် ရာသီပိတ် ပွဲစဉ်များတွင် အငြင်းပွားမှုများ မရှိစေရန်နှင့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို ပိုမို အထောက်အကူ ဖြစ်စေရန်ြ ယခုတစ်ပတ် ယှဉ်ပြိုင် ကစားသွားမည့် ပွဲစဉ် ၂၁နှင့် ၂၂ များတွင် ယခင် အသုံးပြုခဲ့သည့် ဒိုင်လူကြီး ၄ ဦး ကြီးကြပ်သည့် စနစ်မှ Additional Assistant Referee ၂ ဦး ထပ်တိုးကာ ဒိုင်လူကြီး ၆ ဦးအား တာဝန်ပေး ကြီးကြပ်စေမည့် စနစ်ကို အသုံးပြုသွားမည် ဖြစ်သည်။

အဆိုပါ ဒိုင်လူကြီး ၆ ဦး အသုံးပြုသည့် စနစ်ကို ပြီးခဲ့သည့် နှစ်များအတွင်းက နိုင်ငံတကာ ဘောလုံးပြိုင်ပွဲကြီးများတွင် အသုံးပြုခဲ့ပြီး ဖြစ်ရာ ယခုကဲ့သို့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် မလိုလားအပ်သည့် အငြင်းပွားမှုများ ဖြစ်ပွားမှု မရှိစေရန်အတွက် လာမည့် ပွဲစဉ်များတွင် အဆိုပါ စနစ်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဒိုင်လူကြီး ၆ ဦး အသုံးပြုမည့် စနစ်ကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းများမှလည်း သဘောတူညီခဲ့ပြီး ဖြစ်သည်။

မန်မာနေရှင်နယ်လိဂ် အနေဖြင့် လာမည့် ဘောလုံးရာသီတွင်လည်း အရေးကြီးသည့် ပွဲစဉ်များတွင် ယခုကဲ့သို့ ဒိုင် ၆ ဦး အသုံးပြုသည့် စနစ်ကို အခါအားလျှော်စွာ အသုံးပြုသွားမည် ဖြစ်သည်။