ေတာင္ႀကီးဇုန္ MPT ယူ-၁၄ ေဘာလံုးၿပိဳင္ပြဲ မတိုင္မီ ၿပိဳင္ပြဲ၀င္အသင္းမ်ားအား အသက္စစ္္ေဆးမႈျပဳလုပ္

August 31, 2019

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ က်င္းပလ်က္ရွိသည့္ MPT အသက္ ၁၄ ႏွစ္ေအာက္ ေဘာလံုးၿပိဳင္ပြဲမ်ားတြင္ အသက္ေက်ာ္လြန္ ကစားသမားမ်ား ပါ၀င္လာျခင္း မရွိေစရန္အတြက္ အသက္စစ္ေဆးမႈမ်ားကို အထူးဂရုျပဳ ေဆာင္ရြက္လ်က္ရွိပါသည္။

ထို႔ေၾကာင့္ စက္တင္ဘာ ၂ ရက္မွ ၁၁ ရက္အထိ ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္အားကစားကြင္း၌ က်င္းပျပဳလုပ္သြားမည့္ ေတာင္ႀကီးဇုန္ MPT U-14 Football Tournament 2019 လူငယ္ဘာလံုးၿပိဳင္ပြဲတြင္ အသက္ေက်ာ္ ကစားသမားမ်ား ပါ၀င္ယွဥ္ၿပိဳင္ျခင္း မရွိေစရန္ စစ္ေဆးခဲ့ရာ ကစားသမား (၁၇) ဦး အသက္ေက်ာ္လြန္ေနသည္ကို ေတြ႕ရွိခဲ့ရပါသည္။
အသက္စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ သံသယရွိ ကစားသမား ၃၂ ဦးကို အေသးစိပ္ ထပ္မံ စစ္ေဆးခဲ့ရာ ၁၇ ဦးက အသက္ေက်ာ္လြန္ေနသည္ကို စစ္ေဆးေတြ႕ရိွရျခင္းျဖစ္သည္။

ထိုကဲ့သို႔ အသက္စစ္ေဆးမႈမ်ားကို မႏၱေလးဇုန္ အသက္ ၁၄ ႏွစ္ေအာက္ၿပိဳင္ပြဲမွ စတင္ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနျခင္းျဖစ္ၿပီး ယခုေတာင္ႀကီးဇုန္ၿပိဳင္ပြဲအျပင္ ဆက္လက္က်င္းပသြားမည့္ ဘားအံ့၊ပဲခူး၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ စစ္ေတြၿပိဳင္ပြဲမ်ားတြင္လည္း အသက္စစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ပါသည္။

ေတာင္ႀကီးဇုန္ MPT အသက္ ၁၄ ႏွစ္ေအာက္ ေဘာလံုးၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲ၀င္ ၁၂ သင္းပါ၀င္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး လက္ရွိခ်န္ပီယံအသင္းမွာ ကေလာလူငယ္အသင္းျဖစ္သည္။

အထက္ပါ လူငယ္ေဘာလံုးပြဲေတာ္ႏွင့္ လူငယ္ေဘာလံုးၿပိဳင္ပြဲကို ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္၊ ျမန္မာေနရွင္နယ္လိဂ္ႏွင့္ အဓိကမိတ္ဖက္ MPT တို႔ ဦးေဆာင္က်င္းပျခင္းျဖစ္ၿပီး Official Main Sponsor အျဖစ္ Myanmar Care က ပံ့ပိုးေပးထားကာ Co-Sponsor မ်ားအျဖစ္ 100 Plus ၊ JCB Card ၊ ဧရာျမန္မာ အာမခံ (AMI)၊ MJF ၊ ANA ၊ Premier Wellness ၊ Canon ၊ Rose Hill တို႔က ပံ့ပိုးေပးထားပါသည္။

{Unicode}
တောင်ကြီးဇုန် MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲ မတိုင်မီ ပြိုင်ပွဲဝင်အသင်းများအား အသက်စစ်ဆေးမှုပြုလုပ်
– – – – – – – – – – – – – – – – –
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိသည့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများတွင် အသက်ကျော်လွန် ကစားသမားများ ပါဝင်လာခြင်း မရှိစေရန်အတွက် အသက်စစ်ဆေးမှုများကို အထူးဂရုပြု ဆောင်ရွက်လျက်ရှိပါသည်။

ထို့ကြောင့် စက်တင်ဘာ ၂ ရက်မှ ၁၁ ရက်အထိ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည့် တောင်ကြီးဇုန် MPT U-14 Football Tournament 2019 လူငယ်ဘာလုံးပြိုင်ပွဲတွင် အသက်ကျော် ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိစေရန် စစ်ဆေးခဲ့ရာ ကစားသမား (၁၇) ဦး အသက်ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ရပါသည်။
အသက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် သံသယရှိ ကစားသမား ၃၂ ဦးကို အသေးစိပ် ထပ်မံ စစ်ဆေးခဲ့ရာ ၁၇ ဦးက အသက်ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

ထိုကဲ့သို့ အသက်စစ်ဆေးမှုများကို မန္တလေးဇုန် အသက် ၁၄ နှစ်အောက်ပြိုင်ပွဲမှ စတင်ကာ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုတောင်ကြီးဇုန်ပြိုင်ပွဲအြ

ပင် ဆက်လက်ကျင်းပသွားမည့် ဘားအံ့၊ပဲခူး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေပြိုင်ပွဲများတွင်လည်း အသက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

တောင်ကြီးဇုန် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လက်ရှိချန်ပီယံအသင်းမှာ ကလောလူငယ်အသင်းဖြစ်သည်။

အထက်ပါ လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး Official Main Sponsor အဖြစ် Myanmar Care က ပံ့ပိုးပေးထားကာ Co-Sponsor များအဖြစ် 100 Plus ၊ JCB Card ၊ ဧရာမြန်မာ အာမခံ (AMI)၊ MJF ၊ ANA ၊ Premier Wellness ၊ Canon ၊ Rose Hill တို့က ပံ့ပိုးပေးထားပါသည်။