[fsn_row][fsn_column width=”12″][fsn_text]
MFF Youth အသင်းမှ ချန်ပီယံဆုဖလား ရရှိခဲ့
MPT Myamar National League (U-21) 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ဆုချီး မြှင့်ပွဲအခမ်းအနားကို ယနေ့ညနေက ပဒုမ္မာကွင်းတွင် ကစားခဲ့သည့် MFF Youth အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲအပြီးတွင် ကျင်းပခဲ့သည်။
ယနေ့ ကစားခဲ့သည့်(Week-26) ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဇွဲကပင် အသင်းကို ၄-၂ ဂိုး၊ ဆောက်သမ်းအသင်းက ဟံသာဝတီအသင်းကို ၂-၀ ဂိုး၊ မကွေး အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၅-၀ ဂိုးတို့ဖြင့် အသီးသီးအနိုင်ရခဲ့ပြီး MFF Youth အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှာ ဂိုးမရှိ သရေကျခဲ့သည်။
ရှေးဦးစွာ ဆုပေးပွဲအခမ်းအနားတွင် တတိယရခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဦးချင်း ဆုတံဆိပ် များနှင့်အတူ ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့သည်။ ရန်ကုန် အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဈေးကွက် ရေးရာဌာန၊ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်မြင့်နှင့် ရှမ်းယူနိုက်တက် အသင်း ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမျိုးထွန်းတို့မှ ချီးမြှင့်ပေးခဲ့သည်။ ရန်ကုန်အသင်း အတွက် ဆုငွေကျပ် သိန်း ၅၀ ကို မြန်မာနေရှင်နယ်လိဂ်၊ စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်မှ ချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲတွင် ဒုတိယဆုကို ရှမ်းယူနိုက်တက်အသင်းမှ ရရှိခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်များကို မြန်မာနေရှင်နယ်လိဂ်၊ အမှုဆောင် အရာ ရှိချုပ် ဦးစိုးမိုးကျော်နှင့် My Sports မှ Managing Director Mr.Clint တို့မှ ချီးမြှင့်ပေး ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် ဆုငွေကျပ် သိန်း ၁၀၀ ကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ဈေးကွက် ရေးရာဌာန၊ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်မြင့် မှ ချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲတွင် ပထမရခဲ့သည့် MFF Youth အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အမှုဆောင်အဖွဲ့ဝင်နှင့် ဧရာဝတီယူနိုက်တက် အသင်း ပိုင်ရှင် ဦးမင်းလှိုင်မှ ချီးမြှင့်ပေးခဲ့သည်။ MFF Youth အသင်းအတွက် ချန်ပီယံဆုဖလား ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်မှ ချီးမြှင့်ပေးခဲ့ သည်။
[/fsn_text][/fsn_column][/fsn_row]