[fsn_row][fsn_column width=”12″][fsn_text]
ပြီးခဲ့သည့် MPT Myanmar National League (U-21) 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် ဂိုးသွင်းအများဆုံး ကစားသမားများအဖြစ် MFF Youth အသင်းမှ အောင်ကိုဦးနှင့် မကွေးအသင်းမှ ဝေယံထွန်းတို့က သွင်းဂိုး ၁၆ ဂိုးစီဖြင့် ပူးတွဲရရှိခဲ့သည်။
(Week-25) အပြီးတွင် MFF Youth အသင်းမှ အောင်ကိုဦးမှ သွင်းဂိုး ၁၆ ဂိုးဖြင့် ဂိုးသွင်းအများဆုံးထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး မကွေးအသင်းမှ ဝေယံထွန်းသည် သွင်းဂိုး ၁၄ ဂိုးဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ သို့သော် နောက်ဆုံးပွဲစဉ် (Week-26) တွင် MFF Youth အသင်းမှ အောင်ကိုဦးသည် ဂိုးထပ်မံ မသွင်းယူနိုင်ခဲ့ဘဲ မကွေးအသင်းမှ ဝေယံထွန်းသည် ရခိုင်ယူနိုက်တက်အသင်းနှင့်ပွဲတွင် နှစ်ဂိုး ထပ်မံရခဲ့သည့်အတွက် အောင်ကိုဦးနှင့် သွင်းဂိုးတူညီကာ ဂိုးသွင်းအများဆုံးကစားသမားများအဖြစ် ကစားသမားနှစ်ဦး ပူးတွဲရရှိခဲ့ခြင်းဖြစ်သည်။
[/fsn_text][/fsn_column][/fsn_row]