ရန္ကုန္ယူႏုိက္တက္အသင္းႏွင့္ပြဲအတြက္ အဆင္သင့္ျဖစ္ေနၿပီဟု မေကြးတုိက္စစ္မွဴး ျပည္မုိး ေျပာ

September 13, 2019

[fsn_row][fsn_column width=”12″][fsn_text]

မေကြးအက္ဖ္စီအသင္းသည္ အမွတ္ေပးေဘာလုံးၿပိဳင္ပြဲ ေနာက္ဆုံးပြဲစဥ္အျဖစ္ လာမည့္ စက္တင္ဘာ ၁၅ ရက္၊ YUSC ကြင္းတြင္ ရန္ကုန္ယူႏုိက္တက္အသင္းႏွင့္ ကစားရမည္ျဖစ္ၿပီး ရန္ကုန္ႏွင့္ ကစားရမည့္ေနာက္ဆုံးပြဲစဥ္ အတြက္ အဆင္သင့္ျဖစ္ေနၿပီဟု မေကြးအသင္းတုိက္စစ္မွဴး ျပည္မုိးက ေျပာခဲ့သည္။

လက္ရွိတြင္ မေကြးအသင္းသည္ ရမွတ္ ၂၄ မွတ္ျဖင့္ အဆင့္ ၈ ေနရာတြင္ ရပ္တည္ေနၿပီး တန္းဆင္းဇုန္ အႏၱရာယ္မွလည္း လြတ္ကင္းသြားသည့္ အသင္းတစ္သင္းျဖစ္သည္။ ရန္ကုန္အသင္းႏွင့္ ကစားရမည့္ အမွတ္ေပးေနာက္ဆုံးပြဲစဥ္ႏွင့္ ပတ္သက္၍ မေကြးအသင္းတုိက္စစ္မွဴး ျပည္မုိးက ” အခု ရန္ကုန္နဲ႔ပြဲက ကၽြန္ေတာ္တုိ႔အတြက္ ဘာမွ အေရးမႀကီးေတာ့ဘူး။ ဒါေပမယ့္လဲ အသင္းရဲ႕ သိကၡာအရ အေကာင္းဆုံးျပင္ဆင္ၿပီး အေကာင္းဆုံးကစားသြားမွာပါ။ အသင္းက လူငယ္ေတြနဲ႔ ဖြဲ႔စည္းထားၿပီး လက္ရွိအသင္းအေနအထားေပၚလဲ အားရေက်နပ္ပါတယ္။ ေနာက္ဆုံးပြဲအတြက္ အဆင္သင့္ျဖစ္ေနပါၿပီ’ ဟု ေျပာခဲ့သည္။မေကြးအသင္းတုိက္စစ္မွဴး ျပည္မုိးသည္ အသင္းအတြက္ အားထားရသည့္ ၀ါရင့္တုိက္စစ္မွဴးတစ္ဦးျဖစ္ၿပီး လက္ရွိတြင္ အသင္းအတြက္ သြင္းဂုိး ေလးဂုိး သြင္းယူေပးထားသည္။

မေကြးအသင္းသည္ အမွတ္ေပးလက္က်န္ေနာက္ဆုံးပြဲအတြက္ ႀကိဳတင္ျပင္ဆင္သည့္အေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာ ၇ ရက္က ဟံသာ၀တီအသင္းႏွင့္ ေျခစမ္းကစားခဲ့ၿပီး သုံးဂုိး ဂုိးမရွိျဖင့္ ရႈံးခဲ့သည္။ လာမည့္ စက္တင္ဘာ ၁၅ ရက္၊ ညေန ၃း၃၀၊ YUSC ကြင္းတြင္ ကစားမည့္ ရန္ကုန္ယူႏုိက္တက္အသင္းႏွင့္ မေကြးအသင္းတုိ႔ပြဲစဥ္ကုိ Channel K ရုပ္သံလုိင္းမွ တုိက္ရုိက္ျပသမည္ျဖစ္ၿပီ။ မေကြးအသင္းႏွင့္ ရန္ကုန္အသင္းတုိ႔ကစားခဲ့သည့္ ပထမအေက်ာ့တြင္ ရန္ကုန္အသင္းက သုံးဂုိး ႏွစ္ဂုိးျဖင့္ အႏုိင္ရရွိခဲ့သည္။ လက္ရွိတြင္ ရန္ကုန္အသင္းသည္ ရမွတ္ ၄၀ မွတ္ျဖင့္ အဆင့္ ၃ ေနရာတြင္ ရပ္တည္ေနသည္။

ရန်ကုန်ယူနိုက်တက်အသင်းနှင့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု မကွေးတိုက်စစ်မှူး ပြည်မိုး ပြော

မကွေးအက်ဖ်စီအသင်းသည် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၁၅ ရက်၊ YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ရန်ကုန်နှင့် ကစားရမည့်နောက်ဆုံးပွဲစဉ် အတွက် အဆင်သင့်ဖြစ်နေပြီဟု မကွေးအသင်းတိုက်စစ်မှူး ပြည်မိုးက ပြောခဲ့သည်။
လက်ရှိတွင် မကွေးအသင်းသည် ရမှတ် ၂၄ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန် အန္တရာယ်မှလည်း လွတ်ကင်းသွားသည့် အသင်းတစ်သင်းဖြစ်သည်။ ရန်ကုန်အသင်းနှင့် ကစားရမည့် အမှတ်ပေးနောက်ဆုံးပွဲစဉ်နှင့် ပတ်သက်၍ မကွေးအသင်းတိုက်စစ်မှူး ပြည်မိုးက ” အခု ရန်ကုန်နဲ့ပွဲက ကျွန်တော်တို့အတွက် ဘာမှ အရေးမကြီးတော့ဘူး။ ဒါပေမယ့်လဲ အသင်းရဲ့ သိက္ခာအရ အကောင်းဆုံးပြင်ဆင်ပြီး အကောင်းဆုံးကစားသွားမှာပါ။ အသင်းက လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး လက်ရှိအသင်းအနေအထားပေါ်လဲ အားရကျေနပ်ပါတယ်။ နောက်ဆုံးပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ’ ဟု ပြောခဲ့သည်။ မကွေးအသင်းတိုက်စစ်မှူး ပြည်မိုးသည် အသင်းအတွက် အားထားရသည့် ဝါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး လက်ရှိတွင် အသင်းအတွက် သွင်းဂိုး လေးဂိုး သွင်းယူပေးထားသည်။

မကွေးအသင်းသည် အမှတ်ပေးလက်ကျန်နောက်ဆုံးပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ဟံသာဝတီအသင်းနှင့် ခြေစမ်းကစားခဲ့ပြီး သုံးဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့သည်။ လာမည့် စက်တင်ဘာ ၁၅ ရက်၊ ညနေ ၃း၃၀၊ YUSC ကွင်းတွင် ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့ပွဲစဉ်ကို Channel K ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်ဖြစ်ပြီ။ မကွေးအသင်းနှင့် ရန်ကုန်အသင်းတို့ကစားခဲ့သည့် ပထမအကျော့တွင် ရန်ကုန်အသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လက်ရှိတွင် ရန်ကုန်အသင်းသည် ရမှတ် ၄၀ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။

[/fsn_text][/fsn_column][/fsn_row]