[fsn_row][fsn_column width=”12″][fsn_text]
သမုိင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိစံခ်ိန္ျဖင့္ ခ်န္ပီယံဖလား ရယူခဲ့သည့္ ပထမဦးဆုံးအသင္းျဖစ္ခဲ့သည့္ ရွမ္းယူႏုိက္တက္အသင္း
MPT Myanmar National League 2019 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲ (Week-22) ပြဲစဥ္တစ္ပြဲတြင္ ရွမ္းယူႏုိက္ တက္အသင္းမွ ရခုိင္ယူႏုိက္တက္အသင္းကို ေလးဂိုးတစ္ဂုိးျဖင့္ အႏိုင္ယူကာ ရႈံးပြဲမရွိစံခ်ိန္ျဖင့္
ခ်န္ပီယံဆုဖလားရရွိခဲ့သည္။
ရွမ္းယူႏုိက္တက္အသင္းသည္ ပထမပုိင္းတြင္ ရခုိင္ယူႏုိက္တက္အသင္း၏ မာမာထန္ထန္ တုံ႔ျပန္မႈမ်ားေၾကာင့္ အခက္ေတြ႔ခဲ့ၿပီး ပထမပိုင္းအၿပီးတြင္ ဂိုးမရွိသေရက်ခဲ့သည္။ ဒုတိယပုိင္း ပြဲခ်ိန္ ၆၃ မိနစ္တြင္
ရွမ္းယူႏုိက္တက္အသင္းမွ ဦးေဆာင္ဂုိးစတင္ရခဲ့ၿပီး ေဒြးကိုကိုခ်စ္က သြင္းယူေပးခဲ့သည္။ ပထမဂုိးရၿပီး ေနာက္ထပ္ ငါးမိနစ္အၾကာတြင္ ရွမ္းအသင္းမွ ဒုတိယဂုိး ထပ္မံရခဲ့ၿပီး ၀ီလွ်ံမွ သြင္းယူေပးခဲ့သည္။ ပြဲခ်ိန္ ၈၁ မိနစ္တြင္ ရွမ္းအသင္းမွ တတိယဂုိးထပ္မံရခဲ့ၿပီး မက္ဆီမန္မွ သြင္းယူေပးခဲ့သည္။ ပြဲခ်ိန္ ၈၄ မိနစ္တြင္ ရခုိင္ယူႏုိက္တက္အသင္းမွ ပင္နယ္တီ ရရွိခဲ့ၿပီး ရရွိခဲ့သည့္ ပင္နယ္တီကုိ တုိက္စစ္မွဴး ဆင္ျမဴရယ္မွ အမွားအယြင္းမရွိကန္သြင္းကာ ေခ်ပဂုိး တစ္ဂုိး ရယူေပး ခဲ့သည္။ ရွမ္းယူႏုိက္တက္အသင္းသည္ ပြဲခ်ိန္ ၈၇ မိနစ္တြင္ စတုထၳဂုိး ထပ္မံရခဲ့ၿပီး ပထမဂုိး သြင္းယူေပးခဲ့သည့္ ေဒြးကို ကုိခ်စ္မွ သြင္းယူေပးခဲ့သည္။ ပြဲအၿပီးတြင္ ရွမ္းယူႏုိက္တက္အသင္းမွ ရခုိင္ယူႏုိက္တက္အသင္းကို ေလးဂုိး တစ္ဂုိးျဖင့္ အႏုိင္ရခဲ့သည္။
ရွမ္းယူႏုိက္တက္အသင္းသည္ ၂၂ ပြဲ ကစားၿပီးတြင္ ၁၂ ပြဲ ႏုိင္၊ ၁၀ ပြဲ သေရ၊ ရႈံးပြဲမရွိ ရမွတ္ ၄၆ မွတ္ျဖင့္ ခ်န္ပီယံျဖစ္ခဲ့ျခင္းျဖစ္သည္။ ရွမ္းယူႏုိက္တက္အသင္းသည္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္တြင္ ျမန္မာေနရွင္နယ္လိဂ္
အမွတ္ေပးဖလား တစ္ႀကိမ္ ရရွိထားဖူးၿပီး ယခု ၂၀၁၉ ခုႏွစ္တြင္ ဒုတိယအႀကိမ္ ထပ္မံရရွိျခင္းျဖစ္သည္။ ရွမ္းယူႏုိက္တက္အသင္းသည္ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲသမုိင္းတစ္ေလွ်ာက္တြင္ ရႈံးပြဲမရွိစံခ်ိန္ျဖင့္ ပထမ
ဆုံး ခ်န္ပီယံျဖစ္ခဲ့သည့္ အသင္းတစ္သင္းအျဖစ္ မွတ္တမ္း၀င္ခဲ့သည္။
သမိုင်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖလား ရယူခဲ့သည့် ပထမဦးဆုံးအသင်းဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-22) ပွဲစဉ်တစ်ပွဲတွင် ရှမ်းယူနိုက် တက်အသင်းမှ ရခိုင်ယူနိုက်တက်အသင်းကို လေးဂိုးတစ်ဂိုးဖြင့် အနိုင်ယူကာ ရှုံးပွဲမရှိစံချိန်ဖြင့်
ချန်ပီယံဆုဖလားရရှိခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ရခိုင်ယူနိုက်တက်အသင်း၏ မာမာထန်ထန် တုံ့ပြန်မှုများကြောင့် အခက်တွေ့ခဲ့ပြီး ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၆၃ မိနစ်တွင်
ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ဒွေးကိုကိုချစ်က သွင်းယူပေးခဲ့သည်။ ပထမဂိုးရပြီး နောက်ထပ် ငါးမိနစ်အကြာတွင် ရှမ်းအသင်းမှ ဒုတိယဂိုး ထပ်မံရခဲ့ပြီး ဝီလျှံမှ သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၁ မိနစ်တွင် ရှမ်းအသင်းမှ တတိယဂိုးထပ်မံရခဲ့ပြီး မက်ဆီမန်မှ သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်းမှ ပင်နယ်တီ ရရှိခဲ့ပြီး ရရှိခဲ့သည့် ပင်နယ်တီကို တိုက်စစ်မှူး ဆင်မြူရယ်မှ အမှားအယွင်းမရှိကန်သွင်းကာ ချေပဂိုး တစ်ဂိုး ရယူပေး ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲချိန် ၈၇ မိနစ်တွင် စတုထ္ထဂိုး ထပ်မံရခဲ့ပြီး ပထမဂိုး သွင်းယူပေးခဲ့သည့် ဒွေးကို ကိုချစ်မှ သွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းမှ ရခိုင်ယူနိုက်တက်အသင်းကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၂ ပွဲ ကစားပြီးတွင် ၁၂ ပွဲ နိုင်၊ ၁၀ ပွဲ သရေ၊ ရှုံးပွဲမရှိ ရမှတ် ၄၆ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်
အမှတ်ပေးဖလား တစ်ကြိမ် ရရှိထားဖူးပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံရရှိခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ရှုံးပွဲမရှိစံချိန်ဖြင့် ပထမ
ဆုံး ချန်ပီယံဖြစ်ခဲ့သည့် အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
[/fsn_text][/fsn_column][/fsn_row]