ရႈံးပြဲမရွိ စံခ်ိန္ျဖင့္ ခ်န္ပီယံျဖစ္ခဲ့သည့္ ရွမ္းယူႏုိက္တက္အသင္း ခ်န္ပီယံ ဆုေၾကးေငြ သိန္း ၁၀၀၀ ရရွိ

September 15, 2019

စက္တင္ဘာ ၁၅ ရက္(ယေန႔) ညေနက ေတာင္ႀကီးကြင္းတြင္ ကစားခဲ့သည့္ ရွမ္း ယူႏုိက္တက္အသင္း ၄-၁ ရခုိင္ယူႏုိက္တက္အသင္းတုိ႔ ပြဲစဥ္အၿပီးတြင္ ခ်န္ပီယံ ဆု ဖလားခ်ီးျမွင့္ပြဲအခမ္းအနား ဆက္လက္က်င္းပခဲ့သည္။

ေရွးဦးစြာ ဆုေပးပြဲအခမ္းအနားတြင္ ရွမ္းယူႏုိက္တက္အသင္းအတြက္ တစ္ဦးခ်င္း ေရႊ တံဆိပ္ဆုမ်ားကို ရွမ္းျပည္နယ္၊ တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္၊ ျမန္မာႏုိင္ငံ ေဘာလုံး အဖြဲ႔ခ်ဳပ္နာယက ဦးေအာင္ကို၀င္းတုိ႔မွ ခ်ီးျမွင့္ေပးခဲ့သည္။

MPT Myanmar National League 2019 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲ ခ်န္ပီယံ ရွမ္း ယူႏုိက္တက္အသင္းအား ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ဆုေၾကးေငြက်ပ္ သိန္း ၅၀ ခ်ီးျမွင့္ခဲ့သလုိ MPT Myanmar National League (U-19) 2019  ၿပိဳင္ပြဲတြင္ ခ်န္ပီယံျဖစ္ခဲ့သည့္ ရွမ္းယူႏုိက္တက္ ယူ-၁၉ အသင္းကုိလည္း ရွမ္း ျပည္နယ္အစိုးရအဖြဲ႔မွ ဆုေငြက်ပ္ ၂၅ သိန္း ခ်ီးျမွင့္ခဲ့သည္။

MPT Myanmar National League 2019 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲတြင္ ခ်န္ပီယံ ျဖစ္ခဲ့သည့္ ရွမ္းယူႏုိက္တက္အသင္းအတြက္ ဆုေၾကးေငြက်ပ္ သိန္း ၁၀၀၀ ကို အေရွ႔ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ ခ်ီးျမွင့္ခဲ့သည္။

သမုိင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိစံခ်ိန္ျဖင့္ ခ်န္ပီယံျဖစ္ခဲ့သည့္ ရွမ္းယူႏုိက္တက္အသင္းကို Special Congratulation Trophy ဂုဏ္ျပဳဆုကို ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ၀န္ႀကီး ခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ခ်ီးျမွင့္ေပးခဲ့သည္။ ထုိ႔ေနာက္ ခ်န္ပီယံရွမ္းယူႏုိက္တက္အသင္း အတြက္ ခ်န္ပီယံဆုဖလားကုိ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္း ထြဋ္၊ အေရွ႔ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္၊ ရွမ္းျပည္နယ္၊ တရား သူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္၊ ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ နာယက ဦးေအာင္ကို ၀င္းႏွင့္ ျမန္မာႏုိင္ငံ ေဘာလုံးအဖြဲ႔ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္တုိ႔မွ ခ်န္ပီယံဆုဖလား ခ်ီးျမွင့္ ေပးခဲ့ သည္။

စက်တင်ဘာ ၁၅ ရက်(ယနေ့) ညနေက တောင်ကြီးကွင်းတွင် ကစားခဲ့သည့် ရှမ်း ယူနိုက်တက်အသင်း ၄-၁ ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်အပြီးတွင် ချန်ပီယံ ဆု ဖလားချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆုပေးပွဲအခမ်းအနားတွင် ရှမ်းယူနိုက်တက်အသင်းအတွက် တစ်ဦးချင်း ရွှေ တံဆိပ်ဆုများကို ရှမ်းပြည်နယ်၊ တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နာယက ဦးအောင်ကိုဝင်းတို့မှ ချီးမြှင့်ပေးခဲ့သည်။
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ချန်ပီယံ ရှမ်း ယူနိုက်တက်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဆုကြေးငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့သလို MPT Myanmar National League (U-19) 2019 ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းကိုလည်း ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ ဆုငွေကျပ် ၂၅ သိန်း ချီးမြှင့်ခဲ့သည်။
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀၀ ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် ချီးမြှင့်ခဲ့သည်။
သမိုင်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို Special Congratulation Trophy ဂုဏ်ပြုဆုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်မှ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ချန်ပီယံရှမ်းယူနိုက်တက်အသင်း အတွက် ချန်ပီယံဆုဖလားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ်၊ တရား သူကြီးချုပ် ဦးကြွယ်ကြွယ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကို ဝင်းနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့မှ ချန်ပီယံဆုဖလား ချီးမြှင့် ပေးခဲ့ သည်။