ရွမ္းယူႏုိက္တက္အသင္းအတြက္ မွတ္တမ္းသစ္တစ္ခုရေအာင္ ႀကိဳးစားသြားမည္ဟု ရွမ္းအသင္း နည္းျပ ေျပာ

September 20, 2019

[fsn_row][fsn_column width=”12″][fsn_text]

ရွမ္းယူႏုိက္တက္အသင္းသည္ 2019 General Aung San Shield ရႈံးထြက္ေဘာလုံးၿပိဳင္ပြဲတြင္ ဗုိလ္လုပြဲသုိ႔ တက္ေရာက္ထားႏုိင္ၿပီး ရွမ္းယူႏုိက္တက္အသင္းအတြက္ မွတ္တမ္းသစ္တစ္ခုရေအာင္ ႀကိဳးစား
သြားမည္ဟု အသင္းနည္းျပ ဦးေအာင္ႏုိင္က ေျပာခဲ့သည္။

General Aung San Shield 2019 ရႈံးထြက္ေဘာလုံးၿပိဳင္ပြဲ ဗုိလ္လုပြဲအျဖစ္ လာမည့္ စက္တင္ဘာ ၂၄ ရက္၊ ည ၆း၀၀၊ သု၀ဏၰကြင္းတြင္ ရွမ္းယူႏုိက္တက္အသင္းႏွင့္ ရန္ကုန္ယူႏုိက္တက္အသင္းတုိ႔ ယွဥ္ၿပိဳင္ ကစားၾက မည္ျဖစ္သည္။ ရွမ္းယူႏုိက္တက္အသင္းသည္ ၿပီးခဲ့သည့္ MPT Myanmar National Laegue 2019 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲတြင္ ရႈံးပြဲမရွိစံခ်ိန္ျဖင့္ ခ်န္ပီယံရရွိထားသည့္ အသင္းျဖစ္သလုိ ၂၀၁၉ ရာသီႀကိဳ ကြင္းဖြင့္ဖလားတြင္လည္း ရန္ကုန္ယူႏုိက္တက္အသင္းကို အႏုိင္ရကာ ကြင္းဖြင့္ဖလား ရရွိထားသည္။

ရန္ကုန္ယူႏုိက္တက္အသင္းႏွင့္ ကစားရမည့္ ရႈံးထြက္ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ပတ္သက္၍ ရွမ္းယူႏုိက္ တက္အသင္းနည္းျပ ဦးေအာင္ႏုိင္က ” မွတ္တမ္းေလးတစ္ခုရခ်င္တယ္ပါ။ ေလာေလာဆယ္ေတာ့ ထုံးစံ
အတုိင္းပဲျပင္ဆင္ထားတယ္။ မွတ္တမ္းရဖုိ႔အတြက္က ႏုိင္မွရမယ္။ ႏုိင္ခ်င္တယ္။ ဖလားသုံးခုရေအာင္ ဒီပြဲကို ေကာင္းေကာင္းျပင္ဆင္ထားပါတယ္” ဟု ေျပာခဲ့သည္။

ရွမ္းယူႏုိက္တက္အသင္းသည္ ရန္ကုန္ယူႏုိက္တက္အသင္းႏွင့္ ကစားရမည့္ပြဲစဥ္အတြက္ ရွမ္းျပည္နယ္မွ အသင္းပရိသတ္မ်ား လုိက္လံအားေပးႏုိင္ရန္စီစဥ္ထားေၾကာင္း သိရၿပီး ရွမ္းယူႏုိက္တက္အသင္း ပရိသတ္မ်ားႏွင့္
ပတ္သက္၍ နည္းျပ ဦးေအာင္ႏုိင္က ‘ ရွမ္းအုိစည္သံၾကားရင္ ကၽြန္ေတာ္တုိ႔အသင္းက ပိုၿပီး တက္ၾကြတယ္။ ပိုၿပီး ျမဴးတယ္။ လန္းဆန္းတယ္။ အင္အားေတြရွိပါတယ္။ ဒါေၾကာင့္ ရွမ္းျပည္က လာၾကည့္မယ့္ပရိသတ္ေတြက ကၽြန္ေတာ္တုိ႔အတြက္ တကယ့္အားပါ” ဟု ေျပာခဲ့သည္။

ရွမ္းယူႏုိက္တက္အသင္းႏွင့္ လက္ရွိခ်န္ပီယံရန္ကုန္ယူႏုိက္တက္အသင္းတုိ႔ ကစားမည့္ General Aung San Shield 2019 ရႈံးထြက္ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲကို ျမ၀တီရုပ္ျမင္သံၾကားမွ တုိက္ရုိက္ျပသမည္ျဖစ္ၿပီး
My Sports Page ႏွင့္ Fortune TV တုိ႔မွလည္း တုိက္ရုိက္ျပသမည္ျဖစ္သည္။

 

ရှမ်းယူနိုက်တက်အသင်းအတွက် မှတ်တမ်းသစ်တစ်ခုရအောင် ကြိုးစားသွားမည်ဟု ရှမ်းအသင်း နည်းပြ ပြော

ရှမ်းယူနိုက်တက်အသင်းသည် 2019 General Aung San Shield ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ထားနိုင်ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် မှတ်တမ်းသစ်တစ်ခုရအောင် ကြိုးစား
သွားမည်ဟု အသင်းနည်းပြ ဦးအောင်နိုင်က ပြောခဲ့သည်။
General Aung San Shield 2019 ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် လာမည့် စက်တင်ဘာ ၂၄ ရက်၊ ည ၆း၀၀၊ သုဝဏ္ဏကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်
ကစားကြမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် MPT Myanmar National Laegue 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံရရှိထားသည့် အသင်းဖြစ်သလို ၂၀၁၉ ရာသီ
ကြို ကွင်းဖွင့်ဖလားတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရကာ ကွင်းဖွင့်ဖလား ရရှိထားသည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားရမည့် ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ပတ်သက်၍ ရှမ်းယူနိုက်တက်အသင်းနည်းပြ ဦးအောင်နိုင်က ” မှတ်တမ်းလေးတစ်ခုရချင်တယ်ပါ။ လောလောဆယ်တော့ ထုံးစံ
အတိုင်းပဲပြင်ဆင်ထားတယ်။ မှတ်တမ်းရဖို့အတွက်က နိုင်မှရမယ်။ နိုင်ချင်တယ်။ ဖလားသုံးခုရအောင် ဒီပွဲကို ကောင်းကောင်းပြင်ဆင်ထားပါတယ်” ဟု ပြောခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားရမည့်ပွဲစဉ်အတွက် ရှမ်းပြည်နယ်မှ အသင်းပရိသတ်များ လိုက်လံအားပေးနိုင်ရန်စီစဉ်ထားကြောင်း သိရပြီး ရှမ်းယူနိုက်တက်အသင်း ပရိသတ်များနှင့်
ပတ်သက်၍ နည်းပြ ဦးအောင်နိုင်က ‘ ရှမ်းအိုစည်သံကြားရင် ကျွန်တော်တို့အသင်းက ပိုပြီး တက်ကြွတယ်။ ပိုပြီး မြူးတယ်။ လန်းဆန်းတယ်။ အင်အားတွေရှိပါတယ်။ ဒါကြောင့် ရှမ်းပြည်က လာကြည့်မယ့်
ပရိသတ်တွေက ကျွန်တော်တို့အတွက် တကယ့်အားပါ” ဟု ပြောခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းနှင့် လက်ရှိချန်ပီယံရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားမည့် General Aung San Shield 2019 ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မြဝတီရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်ဖြစ်ပြီး
My Sports Page နှင့် Fortune TV တို့မှလည်း တိုက်ရိုက်ပြသမည်ဖြစ်သည်။

[/fsn_text][/fsn_column][/fsn_row]