[fsn_row][fsn_column width=”12″][fsn_text]
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီး ဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်(ယနေ့) ညနေ ၃း၃၀ နာရီက ပုသိမ်မြို့၊ ကျောက်တိုင်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ မြန်မာနေရှင် နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ MPT-KSGM Joint Operation မှ Deputy Chief Operating Officer ဦးမြင့်သိန်းထွန်း၊ မြန်မာဘရူဝါရီလီမိ တက်မှ CSV Director ဒေါ်မေစံပယ်ဝင်း၊ Co-Sponsor အသီးသီးမှ တာဝန်ရှိ သူများ၊ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုး အောင် အဖွင့်အမှာစကားပြောကြားပြီး မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်မှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် MPT-KSGM Joint Operation မှ Deputy Chief Operating Officer ဦးမြင့်သိန်းထွန်းနှင့် မြန်မာဘရူဝါရီ လီမိတက်မှ CSV Director ဒေါ်မေစံပယ်ဝင်းတို့မှ နှုတ်ခွန်းဆက်စကားနှင့်အတူ မြန်မာ့ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုးကူညီရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြော ကြားခဲ့သည်။
အခမ်းအနားအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ မြန်မာ နေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ MPT-KSGM Joint Operation မှ Deputy Chief Operating Officer ဦးမြင့်သိန်းထွန်း၊ မြန်မာဘရူဝါရီလီမိတက်မှ CSV Director ဒေါ်မေစံပယ်ဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိအကြီးအကဲများမှ ကွင်း အတွင်းသို့ ဘောလုံးကန်သွင်းပေးကာ ၂၀၁၉ ခုနှစ် MPT လူငယ် ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ လူငယ် ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် မည့် ကျောင်းသား ကလေးငယ်များအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
အစီအစဉ်အရ MPT မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြေခံ ပညာကျောင်းများတွင် အသုံးပြုရန် ဘောလုံး အလုံး ၂၅၀ ပေးအပ်လှူဒန်းခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ လက်ခံရယူခဲ့သည်။ အလားတူ မြန်မာ ဘရူဝါရီလီမိတက် Myanmar Care မှလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များနှင့် အခြေခံပညာကျောင်းများတွင် အသုံးပြုရန် ဘောလုံး ၁၅၀ အား လှူဒါန်းခဲ့ သည်။ ထို့နောက် ကျောင်းသားကလေးငယ်များအတူနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကာ ဖွင့်ပွဲ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
MFF/MNL- MPT Grassroots Festival နှင့် MFF – MPT U14 Football Tournament ပြိုင်ပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ကျင်းပနေခြင်းဖြစ်ပြီး လက်ရှိတွင် မန္တလေး၊ ရွှေဘို၊ ရန်ကုန်၊ မကွေး၊ ဘားအံ၊ တောင်ကြီး၊ ပဲခူး၊ မော်လမြိုင် မြို့ကြီးများတွင် အသီးသီးကျင်းပခဲ့ပြီးဖြစ်သည်။
MPT လူငယ္ေဘာလုံးပြဲေတာ္ႏွင့္ MPT U-14 ေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ပုသိမ္ေက်ာက္တုိင္ကြင္းတြင္ စည္းကားသုိက္ၿမိဳက္စြာ က်င္းပ
ျမန္မာႏုိင္ငံ ေဘာလုံးအဖြဲ႔ခ်ဳပ္၊ ျမန္မာေနရွင္နယ္လိဂ္ႏွင့္ MPT တုိ႔မွ အေျခခံပညာဦးစီး ဌာန၊ အားကစားႏွင့္ ကာယပညာဦးစီးဌာနတုိ႔ႏွင့္ ပူးေပါင္းက်င္းပသည့္ ၂၀၁၉ ခုႏွစ္ MPT လူငယ္ေဘာလုံးပြဲေတာ္ႏွင့္ MPT အသက္(၁၄)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲ အခမ္းအနားကို ေအာက္တုိဘာ ၁၆ ရက္(ယေန႔) ညေန ၃း၃၀ နာရီက ပုသိမ္ၿမိဳ႕၊ ေက်ာက္တုိင္ေဘာလုံးကြင္း၌ က်င္းပခဲ့သည္။
ဖြင့္ပြဲအခမ္းအနားသုိ႔ ဧရာ၀တီတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးလွမုိးေအာင္၊ ျမန္မာေနရွင္ နယ္လိဂ္ စီမံခန္႔ခြဲေရးအရာရွိခ်ဳပ္ ဦးဆူးေအာင္၊ MPT-KSGM Joint Operation မွ Deputy Chief Operating Officer ဦးျမင့္သိန္းထြန္း၊ ျမန္မာဘရူ၀ါရီလီမိ တက္မွ CSV Director ေဒၚေမစံပယ္၀င္း၊ Co-Sponsor အသီးသီးမွ တာ၀န္ရွိ သူမ်ား၊ အေျခခံပညာ ဦးစီးဌာနမွ တာ၀န္ရွိသူမ်ား၊ အားကစားႏွင့္ကာယပညာဦးစီးဌာနမွ တာ၀န္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကသည္။
အခမ္းအနားအစီအစဥ္အရ ေရွးဦးစြာ ဧရာ၀တီတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးလွမုိး ေအာင္ အဖြင့္အမွာစကားေျပာၾကားၿပီး ျမန္မာေနရွင္နယ္လိဂ္ စီမံခန္႔ခြဲေရးအရာရွိခ်ဳပ္ ဦးဆူးေအာင္မွ အမွာစကား ေျပာၾကားခဲ့သည္။ ထုိ႔ေနာက္ MPT-KSGM Joint Operation မွ Deputy Chief Operating Officer ဦးျမင့္သိန္းထြန္းႏွင့္ ျမန္မာဘရူ၀ါရီ လီမိတက္မွ CSV Director ေဒၚေမစံပယ္၀င္းတုိ႔မွ ႏႈတ္ခြန္းဆက္စကားႏွင့္အတူ ျမန္မာ့ ေဘာလုံးေလာက ဖြံ႔ၿဖိဳးတုိးတက္ရန္ ပံ့ပုိးကူညီရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္း ေျပာ ၾကားခဲ့သည္။
အခမ္းအနားအစီအစဥ္အရ ဧရာ၀တီတုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးလွမုိးေအာင္၊ ျမန္မာ ေနရွင္နယ္လိဂ္ စီမံခန္႔ခြဲေရးအရာရွိခ်ဳပ္ ဦးဆူးေအာင္၊ MPT-KSGM Joint Operation မွ Deputy Chief Operating Officer ဦးျမင့္သိန္းထြန္း၊ ျမန္မာဘရူ၀ါရီလီမိတက္မွ CSV Director ေဒၚေမစံပယ္၀င္း၊ သက္ဆုိင္ရာ တာ၀န္ရွိအႀကီးအကဲမ်ားမွ ကြင္း အတြင္းသုိ႔ ေဘာလုံးကန္သြင္းေပးကာ ၂၀၁၉ ခုႏွစ္ MPT လူငယ္ ေဘာလုံးပြဲေတာ္ႏွင့္ MPT အသက္(၁၄)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲအား ဖြင့္လွစ္ေပးခဲ့သည္။ လူငယ္ ေဘာလုံးပြဲေတာ္ႏွင့္ လူငယ္ေဘာလုံးၿပိဳင္ပြဲတြင္ ၀င္ေရာက္ ယွဥ္ၿပိဳင္ မည့္ ေက်ာင္းသား ကေလးငယ္မ်ားအား ၀န္ႀကီးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ားမွ လုိက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။
အစီအစဥ္အရ MPT မွ ဧရာ၀တီတုိင္းေဒသႀကီးအတြင္းရွိ ၿမိဳ႔နယ္မ်ားႏွင့္ အေျခခံ ပညာေက်ာင္းမ်ားတြင္ အသုံးျပဳရန္ ေဘာလုံး အလုံး ၂၅၀ ေပးအပ္လွဴဒန္းခဲ့ၿပီး ဧရာ၀တီ တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးလွမုိးေအာင္မွ လက္ခံရယူခဲ့သည္။ အလားတူ ျမန္မာ ဘရူ၀ါရီလီမိတက္ Myanmar Care မွလည္း ဧရာ၀တီတုိင္းေဒသႀကီးအတြင္းရွိ ၿမိဳ႔နယ္ မ်ားႏွင့္ အေျခခံပညာေက်ာင္းမ်ားတြင္ အသုံးျပဳရန္ ေဘာလုံး ၁၅၀ အား လွဴဒါန္းခဲ့ သည္။ ထုိ႔ေနာက္ ေက်ာင္းသားကေလးငယ္မ်ားအတူႏွင့္ အမွတ္တရ ဓာတ္ပုံရုိက္ကာ ဖြင့္ပြဲ အခမ္းအနားအား ေအာင္ျမင္စြာ ရုပ္သိမ္းခဲ့သည္။
MFF/MNL- MPT Grassroots Festival ႏွင့္ MFF – MPT U14 Football Tournament ၿပိဳင္ပြဲမ်ားကို ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးအဆင့္ က်င္းပေနျခင္းျဖစ္ၿပီး လက္ရွိတြင္ မႏၱေလး၊ ေရႊဘို၊ ရန္ကုန္၊ မေကြး၊ ဘားအံ၊ ေတာင္ႀကီး၊ ပဲခူး၊ ေမာ္လၿမိဳင္ ၿမိဳ႕ႀကီးမ်ားတြင္ အသီးသီးက်င္းပခဲ့ၿပီးျဖစ္သည္။
[/fsn_text][/fsn_column][/fsn_row]