ဧရာဝတီတိုင်း ဒေသကြီးအဆင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု မြန်မာနှေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းဖြစ်သည့် ဧရာဝတီ ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဟင်္သာတ(က) အသင်းက ဗိုလ်စွဲနိုင်ခဲ့သည်။
မျိုးဆက်သစ် ကစားသမားများ ထွက်ပေါ်လာရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီ ယူနိုက်တက် အသင်းတို့နှင့် ပူးပေါင်းကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် ဟင်္သာတ (က) အသင်းနှင့် ပုသိမ်(ဂ) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဟင်္သာတ (က) အသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ခြင်း ဖြစ်သည်။
ယနေ့ ကျင်းပခဲ့သည့် ဗိုလ်လုပွဲစဉ်သို့ မြန်မာနေရှင် နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တိုင်းမန်နေဂျာ ဒေါ်ဆွေမာ၊ ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး ညွန်ကြားရေးမှူး (ပညာ) ဦးဖြူဝင်း၊ မြန်မာဘရူဝါရီလီမိ တက်မှ Corporate Communication Officer ဦးရဲထွဋ်ဦး၊ မြန်မာဘရူဝါရီ လိမိတက်မှ Business Manager ဦးအောင်နိုင်ဦး၊ Premier Wellness မှ Branch Manager ဦးဇော်လင်းဦး၊ ပုသိမ်ခရို်င် ပညာရေးမှူး ဒေါက်တာ စုစုလှိုင်၊ မြန်မာ့ဘောလုံး ရွှေခေတ်လက်ရွေးစင်ဟောင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီဝင် ဦးအေးမောင်ကြီး၊ MY SPORTS မှ Poduction Director ဦးလင်းသစ်လွင်မော်၊ မြန်မာနေရှင်နယ်လိဂ်မှ Operation Senior Mangaer ဦးဝင်းထူးအောင်၊ Co-Sponsor အသီးသီးမှ တာဝန်ရှိ သူများ၊ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင် ဘောလုံးပရိသတ်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဗိုလ်လုပွဲစဉ် အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီးအဆင့် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ခဲ့ကြသည့် ဒိုင်လူကြီးများအား မြန်မာဘရူဝါရီ လိမိတက်မှ Business Manager ဦးအောင်နိုင်ဦးမှ အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံးဆု ရရှိသူများနှင့် အသန့်ရှင်းဆုံးအသင်းဆုတို့ကို ဆက်လက်ချီးမြှင့်ခဲ့ရာ ရှေ့တန်းအကောင်းဆုံးဆု ရရှိသည့် မအူပင်(ခ) အသင်းမှ ကျောနံပါတ် (၁၃) ထွန်းလင်းအောင်အား MY SPORTS မှ Poduction Director ဦးလင်းသစ်လွင်မော်က လည်းကောင်း၊ အလယ်တန်း အကောင်းဆုံးဆု ရရှိခဲ့သည့် ပုသိမ်(ဂ) အသင်းမှ ကျောနံပါတ် (၇) အောင်ထက်စိုးအား မြန်မာဘရူဝါရီလီမိ တက်မှ Corporate Communication Officer ဦးရဲထွဋ်ဦးက လည်းကောင်း၊ နောက်တန်း အကောင်းဆုံးဆု ရရှိခဲ့သည့် ဟင်္သာတ (က) အသင်းမှ ကျောနံပါတ် (၄) ဇော်မင်းသူအား ပုသိမ်ခရိုင် ပညာရေးမှူး ဒေါက်တာ ဆုဆုလှိုင်မှ လည်းကောင်း၊ ဂိုးသမား အကောင်းဆုံးဆု ရရှိခဲ့သည့် မြောင်းမြ(က) အသင်းမှ ကျောနံပါတ် (၁) သီဟန်ဖြိုးအား ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး ညွန်ကြားရေးမှူး (ပညာ) ဦးဖြူဝင်းမှ လည်းကောင်း၊ ဂိုးသွင်းအများဆုံး ကစားသမားဆုကို သွင်းဂိုး (၆)ဂိုးဖြင့် ရရှိသည့် ပုသိမ်(ဂ) အသင်းမှ ကျောနံပါတ်(၉) ကျော်မင်းထက်အား မြန်မာနေရှင်နယ်လိဂ်မှ Operation Senior Manager ဦးဝင်းထူးအောင်မှ လည်းကောင်း ဆုတံဆိပ်၊ ဆုငွေကျပ် ၂၀၀၀၀ စီကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမား ဆုကိုမူ ချန်ပီယံအဖြစ် ဗိုလ်စွဲသွားခဲ့သည့် ဟင်္သာတ (က) အသင်းမှ ကျောနံပါတ် (၁၀) အသင်းခေါင်းဆောင် သန်းလင်းကိုက ရရှိခဲ့ပြီး ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေ ၃၀၀၀၀ ကျပ်ကို ရွှေခေတ်မြန်မာ့လက်ရွေးစင်ဟောင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီဝင်ဖြစ်သူ ဦးအေးမောင်ကြီးက ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် အသန့်ရှင်းဆုံးအသင်းဆု ရရှိခဲ့သည့် မြောင်းမြ(က) အသင်းအား ဆုကြေးငွေကျပ် ၂ သိန်းကို Premier Wellness မှ Branch Manager ဦးဇော်လင်းဦးမှ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တတိယဆု ရရှိသည့် မအူပင်(ခ) အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်များ ဆက်လက် ချီးမြှင့်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး ညွန်ကြားရေးမှူး (ပညာ) ဦးဖြူဝင်းက ပေးအပ်ချီးမြှင့်ခဲ့ကာ မြန်မာဘရူဝါရီ လိမိတက်မှ Business Manager ဦးအောင်နိုင်ဦးက ဆုကြေးငွေကျပ် ၃ သိန်းကို ချီးမြှင့်ပေးအပ် ခဲ့သည်။
အလားတူ ဒုတိယဆု ရရှိသည့် ပုသိမ်(ဂ) အသင်းအား ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းမှ တစ်ဦးချင်းငွေတံဆိပ်များ ပေးအပ်ခဲ့ပြီး မြန်မာဘရူဝါရီလီမိ တက်မှ Corporate Communication Officer ဦးရဲထွဋ်ဦးက ဆုကြေးငွေကျပ် ၅ သိန်း ပေးအပ် ချီးမြှင့်ခဲ့သည်။
ယင်းနောက်တွင်မူ ပထမဆု ရရှိခဲ့သည့် ဟင်္သာတ (က) အသင်းအတွက် တစ်ဦးခြင်း ဆုတံဆိပ်များ၊ ဆုကြေးငွေများနှင့် ချန်ပီယံ ဆုဖလားတို့ကို ဆက်လက် ပေးအပ်ခဲ့ကြသည်။ ဟင်္သာတ (က) အသင်းအတွက် တစ်ဦးခြင်း ရွှေတံဆိပ်ဆုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းမန်နေဂျာ ဒေါ်ဆွေမာက ပေးအပ်ခဲ့ပြီး ဆုကြေးငွေကျပ် ၁၀ သိန်းကိုမူ ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပေးအပ်ခဲ့ကာ ချန်ပီယံ ဆုဖလားကို မြန်မာနေရှင်နယ်လိဂ်မှ စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က ပေးအပ်ချီးမြှင့်ခဲ့သည်။
ဧရာဝတီတိုင်း ဒေသကြီးအဆင့် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို ဟင်္သာတ(က) အသင်း၊ ဒုတိယဆုကို ပုသိမ်(ဂ) အသင်း၊ တတိယဆုကို မအူပင် (ခ) အသင်းတို့ ရရှိခဲ့ပြီး ပထမဆုကို ဆုဖလား၊ တစ်ဦးခြင်း ဆုတံဆိပ်နှင့် အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုကို ဆုတံဆိပ်အပါအဝင် ဆုကြေးငွေ ၃ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် အသန့်ရှင်းဆုံးအသင်းဆုနှင့် ပွဲစဉ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုများကိုပါ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီး(၁၀) ခုတွင် ကျင်းပပြုလုပ်သွားမည့် MPT U-14 Football Tournament 2019 ပြိုင်ပွဲများကို ယခုကျင်းပပေးခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အပါအဝင် မန္တလေး၊ ရွှေဘို၊ မော်လမြိုင်၊ ဘားအံ၊ တောင်ကြီး၊ မကွေး၊ ပဲခူး၊ ရန်ကုန် စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၉)ခုရှိ မြို့ကြီးများတွင် ကျင်းပခဲဲ့ပြီး ဖြစ်သလို ယခုနှစ်အတွက် နောက်ဆုံး MPT U-14 Football Tournament 2019 ပြိုင်ပွဲကိုလည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပလျှက် ရှိသည်။
#MPTU14