MFF Charity Cup

၂၀၂၀ ဘောလုံးရာသီအကြို ရန်ပုံငွေ ကွင်းဖွင့်ဖလားပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

By Ye Min Win

December 30, 2019

လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၅ ရက်၊ ၃း၃၀ နာရီတွင် YUSC ကွင်း၌ ကျင်းပသွားမည့် ၂၀၂၀ ဘောလုံးရာသီအကြို ရန်ပုံငွေ ကွင်းဖွင့်ဖလားပွဲ (MFF Charity Cup 2020) အကြို ညှိနှိုင်းအစည်းအ ဝေး တစ်ရပ်ကို ယနေ့ မွန်းလွဲပိုင်းက မြန်မာနေရှင်နယ်လိဂ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ရှမ်းယူနိုက်တက် အသင်းမှ DY CEO ဦးရဲမျိုးထွန်းနှင့် နည်းပြ ဦးဟန်ဝင်းအောင်၊ ရန်ကုန်ယူနိုက်တက် အသင်းမှ COO ဦးရာဇာထွေ:နှင့်  အသင်းမန်နေဂျာ ဦးမြင့်သိန်း၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ဒိုင်ဌာနနှင့် ဆေးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပွဲစဉ် ချောမောစွာ ပြီးဆုံးနိုင်စေရန် အတွက် ပူးပေါင်းဆောင်ရွက်ကြရန် အပါအဝင် ကိစ္စရပ်များကို အသေးစိတ် ဦးဆောင် ဆွေးနွေးခဲ့ပြီး အသင်းများ ဘက်မှလည်း လိုအပ်သည်များကို ပြန်လည် တင်ပြညှိနှိုင်း ခဲ့ကြသည်။

ဆွေးနွေးဆုံးဖြတ်ခဲ့သည့် အချက်အချို့