MFF-MNL (Road to Japan) ဘောလုံးခြေစမ်းလေ့လာရေး ခရီးစဉ်အတွက် ကစားသမားရွေးချယ်ပွဲကျင်းပပြုလုပ်လျက်ရှိ

January 8, 2020

မျိုးဆက်သစ် ဘောလုံးသမားများ ထွက်ပေါ်လာစေရေးအတွက် MFF-MNL (Road to Japan) ဘောလုံးခြေစမ်းလေ့လာရေး ခရီးစဉ် စေလွှတ်နိုင်ရေး ကစားသမားရွေးချယ်ပွဲကို ဇန်နဝါရီ ၈ ရက်(ယနေ့) နံနက်ပိုင်းက မြန်မာအမျိုးသားဘောလုံးအကယ်မီ(ရန်ကုန်) မြက်ခင်းတုကွင်း၌ စတင် ကျင်းပပြုလုပ် လျှက်ရှိပါသည်။

လူရွေးချယ်ပွဲတွင် ပြီးခဲ့သည့် MPT U-14 Football Tournament 2019 လူငယ်ဘောလုံးပြိုင်ပွဲများနှင့် MFF 100Plus Cup States & Regions U-14 (Boy’s) Football Tournament 2019 လူငယ်ဘောလုံးပြိုင်ပွဲမှ ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် ကစားသမားများအား A, B , C, D ,E အသင်းများ သတ်မှတ်၍ ယှဉ်ပြိုင်ကစားစေခြင်းဖြစ်သည်။

လူရွေးချယ်ပွဲကို ညနေ ၃း၀၀ အချိန်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။