ဇန်နဝါရီ ၁၀ ရက်(ယနေ့) ညနေ သုံးနာရီခွဲက မန္တလာသီရိကွင်းတွင် ကစားခဲ့သည့် ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဥ်အားမန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း တက်ရောက်ကြည့်ရှု့အားပေးခဲ့သည်။
MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ၏ ပွဲဦးထွက်
ပွဲစဥ်ဖြစ်သည့် ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း တို့ပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဌ ဦးခွန်နောင်မြင့်ဝေ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ISPE FC CEO) ဦးကျော်ဦး၊ မြန်မာနေရှင် နယ် လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးကြည့်ရှု့ခဲ့သည်။
အိမ်ရှင် ISPE အသင်းသည် အိမ်ကွင်းပွဲဦးထွက်ပွဲဖြစ်သည့်အတွက် ရှမ်းယူနိုက် တက်အသင်းနှင့်ပွဲအား ဝင်ကြေးအခမဲ့အဖြစ် ပရိသတ်များ အားပေး ကြည့်ရှု့နိုင်ရန် ပြုလုပ်ပေးခဲ့ပြီး ယနေ့ ရှမ်းအသင်းနှင့်ပွဲတွင် စုစုပေါင်း ပရိသတ် သုံးထောင်ခန့် လာရောက်အားပေးခဲ့ကြသည်။ ဘောလုံးပွဲတွင် ဧည့်သည်ရှမ်းယူနိုက်တက်အသင်းက အိမ်ရှင် ISPE အသင်းကို ကိတ်၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် အနိုင်ရရှိသွားခဲ့သည်။