အိမ်ကွင်းပွဲဦးထွက်တွင် ချင်းယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

January 12, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဥ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့)ညနေ သုံးနာရီခွဲက YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရန်ကုန်အသင်းမှ (၂−၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။


ပွဲချိန် ၂၄ မိနစ်တွင် ရန်ကုန်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး လူငယ်တိုက်စစ်မှူး သန်းပိုင်မှ သွင်းယူပေးခဲ့သည်။ ပထမပိုင်းပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ချင်းယူနိုက်တက်အသင်းမှ ချေပဂိုးရခဲ့ပြီး ကျော်မင်းသန်းက ပိတ်သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် ရန်ကုန်အသင်းမှ လူစားလဲမှုများပြုလုပ်ကာ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ချင်းယူနိုက်တက်အသင်းဘက်သို့ ထိရောက်သည့် တိုက်စစ်ဆင် စစ်မှုမျိုးမရှိခဲ့ပေ။ ချင်းယူနိုက်တက်အသင်းသည် နောက်တန်းတွင် ကစားသမားငါးဦးအထိ ပိတ်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်များဖြင့် ရန်ကုန်အသင်းကို ကစားခဲ့ သည်။

ပွဲချိန် ၈၄ မိနစ်တွင် ရန်ကုန်အသင်းမှ ဒုတိယဂိုးရခဲ့ပြီး လူစားဝင်ရောက်လာခဲ့သည့် အီမန်နူရယ်မှ သွင်းယူပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် ချင်းအသင်းမှ ပြန်လည် ချေပဂိုးမသွင်းနိုင်ခဲ့ သည့်အတွက် ရန်ကုန်အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် ချင်းယူနိုက်တက်အသင်းကို ရန်ကုန်အသင်းကို ရှုံးခဲ့သော်လည်း အကောင်းဆုံးကစားပြသွားခဲ့သည်။

ချင်းယူနိုက်တက် အသင်းသည် လာမည့် ဇန်နဝါရီ ၁၇ ရက်၊ သုဝဏ္ဏကွင်းတွင် မကွေးအသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး ရန်ကုန်အသင်းသည် လာမည့် ဇန်နဝါရီ ၁၉ ရက်၊ သု၀◌ဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။