မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် စစ်ကိုင်း ယူနိုက်တက်အသင်း၏ ၂၀၂၀ ဘောလုံးရာသီသစ်အတွက် စပွန်ဆာရှစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်(ယနေ့) နံနက် ၁၀:၃၀ က နိုဗိုတယ်မက်စ်ဟိုတယ်ရှိ Time Out Sports Bar တွင် ကျင်းပခဲ့သည်။

စစ်ကိုင်းယူနိုက်တက်အသင်း၏ စပွန်ဆာရှစ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ စစ်ကိုင်းယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးချစ်မျိုးထိုက်၊ ဇော်ဂျီမြန်မာမှ ဦးရာဇာ၊ Winner Sport မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးပိုင်ချစ်၊ My Sports မှ Managing Director Mr.Clint နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သောဧည့်သည်တော်များနှင့် မီဒီယာများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ စစ်ကိုင်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးချစ်မျိုးထိုက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး Winner Sport မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးပိုင်ချစ်နှင့် ဇော်ဂျီမြန်မာမှ ဦးရာဇာတို့ကလဲ စပွန်ဆာပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်မှ မုဒိတာအမှာ စကားပြောကြားခဲ့သည်။ အစီအစဉ်အရ စပွန်ဆာရှစ် လက်မှတ် အပြန် အလှန် ရေးထိုးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ သည်။