MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၈ ရက်(ယနေ့)ညနေက ပဲခူးမြို့၊ Grand Royal ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်း ယူနိုက် တက်အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီယူနိုက်တက် အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဧည့်သည်ရှမ်းယူနိုက်တက်အသင်းသည် ပွဲချိန် ၆ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ထောင့်ကန်ဘောမှ ရဲမင်းသူ ခေါင်းတိုက်၍ ပြန်လည်ကျလာသည့်ဘောလုံးကို တိုက်စစ်မှူး ကိတ်စ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ဧည့်သည်ရှမ်းယူနိုက် တက်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၆၆ မိနစ်တွင် အိမ်ရှင်ဟံသာဝတီယူနိုက်တက်အသင်းမှ ပင်နယ်တီရရှိခဲ့ပြီး အဆိုပါပင်နယ်တီကို တိုက်စစ်မှူး ဒိုနယ်ဘစ်ဆာမှ အမှားယွင်းမရှိ ကန်သွင်းပေးခဲ့သည်။ ပွဲချိန် ၈၆ မိနစ်တွင် ဟံသာဝတီ အသင်းမှ ဒုတိယဂိုး ထပ်မံရခဲ့ပြီး ဒိုနယ်ဘစ်ဆာမှ ထပ်မံသွင်းယူပေးခဲ့ သည်။ လက်ကျန်မိနစ်တွင် ရှမ်းအသင်းမှ ပြန်လည်ဂိုးမရခဲ့သည့်အတွက် အိမ်ရှင်အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။