မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အထက်မြန်မာပြည် ဒါဘီပွဲစဉ်က တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပွဲဖြစ်တာမို့ ပွဲချိန်တစ်လျှောက် အကြိတ်အနယ်နဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ဦးဆောင်ဂိုးကို အိမ်ရှင် ရတနာပုံက စတင်ရရှိခဲ့တာ ဖြစ်ပြီး ပွဲချိန် ၁၈ မိနစ်မှာ ဝင်းနိုင်စိုးရဲ့ ဖန်တီးပေးမှုကနေ အောင်သူ ဂိုးသွင်းယူပေးခဲ့ပေမယ့် ၃၈ မိနစ်မှာ ဇော်လင်းထက်က ပြန်လည်ပြီး စစ်ကိုင်းယူနိုက်တက် အတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် သရေရဒ်ဖြင့်သာ ကျေနပ်ခဲ့ရတာပါ။
ရတနာပုံအသင်းက ပွဲစဉ်(၃)မှာ ရန်ကုန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းက ရှမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။