နောက်ကျဂိုးကြောင့် အနိုင်ရရှိခဲ့သည့်ရှမ်းယူနိုက်တက်

January 25, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၃)ပွဲစဉ်တစ်ပွဲဖြစ်သည့် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို ယနေ့ညနေက စစ်ကိုင်းယူနိုက်တက် အိမ်ကွင်းဖြစ်သည့် မုံရွာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။


ပွဲစဉ်ပထမပိုင်းတွင်စစ်ကိုင်းအသင်းမှရှမ်းအသင်းကိုဖိအားပေးကစားနိုင်ခဲ့သော်လည်းဂိုးမရရှိပဲ သရေရလဒ် နှင့်သာပြီးဆုံးခဲ့သည်။ဒုတိယပိုင်းတွင် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာခဲ့ပြီး ဦးဆောင်ဂိုးရရှိရေးကိုသာ ကြိုးစားလာသည်။စစ်ကိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၆၂မိနစ်တွင် ပက်ထရစ်မှစတင်သွင်းယူနိုင်ခဲ့သည်။ရှမ်းအသင်းအတွက်ချေပဂိုးကို ၇၃ မိနစ်တွင် ဆက်ဖြိုးဝေမှ သွင်းယူနိုင်ခဲ့ပြီး အနိုင်ဂိုးကို ရန်နိုင်ဦးမှ ၇၈မိနစ်တွင်ဆက်လက်သွင်းယူနိုင်ခဲ့သည်။


လာမည့်အပါတ်တွင် စစ်ကိုင်းယူနိုက်တက် အသင်းသည် ရန်ကုန်အသင်းနှင့် ရန်ကုန်မြို့Y.U.S.C ကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် ဧရာဝတီယူနိုက်တက်အသင်း နှင့် ပုသိမ်မြို့ကျောက်တိုင်ကွင်းတွင် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။