သုံးပွဲဆက် အနိုင်ရခဲ့သည့် ဟံသာဝတီ ယူနိုက်တက်

January 25, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၄း၀၀ အချိန် သုဝဏ္ဏဘောလုံးကွင်းကြီးတွင် ချင်းယူနိုက်တက် အသင်းနှင့်ဟံသာဝတီယူနိုက်တက် အသင်းတို့ယှဥ်ပြိုင်ကစားရာ ဟံသာဝတီယူနိုက်တက်အသင်းမှ
ချင်းယူနိုက်တက် အသင်းကို ၃-၁ ဂိုးဖြင့်အနိုင်ရရှိ သွားခဲ့သည်။

ဟံသာဝတီယူနိုက်အသင်း အတွက်ဦးဆောင်ဂိုးကို ပွဲချိန် ၁၇ မိနစ်တွင် အီမီကာ မှ လည်းကောင်း၊ ၂၉ မိနစ်နှင့် ၇၃ မိနစ် တို့တွင် အသင်းတွက် အနိုင်ဂိုးများကို ဒေါ်နယ်ဘစ်ဆာနှင့် နန်းဝေမင်း တို့မှသွင်းယူပေးခဲ့ကြပြီး ချင်းယူနိုက်တက်အသင်းအတွက် ခြေပဂိုးကို ၇၉ မိနစ်တွင် ကျော်မင်းသန်းက သွင်းယူပေးခဲ့ြခင်း ဖြစ်သည်။