ရခိုင်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ပွဲစဉ်အားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း ကြည့်ရှု့အားပေး

January 26, 2020

ဇန်နဝါရီ ၂၆ ရက်(ယနေ့)ညနေ သုံးနာရီခွဲက စစ်တွေမြို့၊ ဝေသာလီကွင်းတွင် ကစားခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ပွဲစဉ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း တက်ရောက်ကြည့်ရှု့အားပေးခဲ့သည်။


ရခိုင်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ပွဲစဉ်သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး(ISPEအသင်း စီအီးအို)၊ ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း၊ ရခိုင်ယူနိုက်တက်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးနေထက်လင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

ရခိုင်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ပွဲစဉ်မတိုင်မီတွင် တေးသံရှင် စစ်ငြိမ်းနိုင်၊ အာရီယာန်၊ဘိုဝိုင်း၊ ခိုင်သဇင်လှိုင် တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယနေ့ပွဲတွင် အိမ်ရှင်အသင်းမှ ဧည့်သည်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ပရိသတ် ငါးထောင်ကျော် လာရောက်အားပေးခဲ့ကြသည်။