သီဟဇော် ၏ သွင်းဂိုးဖြင့် ဧည့်သည်အသင်းကို အနိုင်ရခဲ့သည့် ဧရာဝတီယူနိုက်တက်

January 26, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃း၃၀ အချိန် ပုသိမ်မြို့ ကျောက်တိုင် ​ကွင်းတွင် ယှဥ်ပြိုင်ကစားကြရာ ဧရာဝတီယူနိုက်တက် အသင်းက ၁-၀ ဂိုးဖြင့် ဇွဲကပင်ယူနိုက်တက် အသင်း ကို အနိုင်ရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်သည် ပွဲချိန်တစ်လျှောက် အကြိတ်အနယ် ရှိခဲ့သည့် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပြီး ဧရာဝတီ ယူနိုက်တက် အသင်းအတွက် အနိုင်သုံးမှတ် ရရှိစေမည့် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၈၈ မိနစ် အရောက်တွင်မှ သီဟဇော်က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။