မြန်မာနေရှင်နယ်လိဂ် အနေဖြင့် သတင်းအချက်အလက်များကို ပရိသတ်ထံ လျင်မြန်စွာ စီးဆင်းရောက်ရှိနိုင်ရေး အစွမ်းကုန် ဆောင်ရွက်လျှက်ရှိ

January 26, 2020

ကစားသမားများ၏ တစ်ပွဲချင်းစွမ်းဆောင်ရည်အသေးစိတ်ကို အချက်အလက်များဖြင့် စောင့်ကြည့် အကဲခ တ်နိုင်သည် အထိ ဆောင်ရွက်သွားမည်

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ်−၂၊ ယူ−၂၁၊ ယူ−၁၉ လိဂ်ပြိုင်ပွဲများကို ပရိသတ်များ ပိုမို စိတ်ဝင်စားအားပေးလာစေရန်၊ မြန်မာ့ ဘောလုံးလောက ပိုမိုတိုးတက်ရေးကို ပိုမိုအထောက်အကူပြုနိူင်စေရန်၊ မြန်မာ့လက်ရွေးစင် အသင်းများ အတွက် ကစားသမား ရွေးချယ်ရာတွင် ပိုမိုအထောက်အပံ့ ဖြစ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းမှ စတင်ကာ Genius Sports ၊ Star Phone စသည့် အဖွဲ့အစည်းများဖြင့် လက်တွဲပြီး Database တည်ဆောက်ကာ ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ကစားသမားများ၏ တစ်ပွဲချင်း စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်များကို ပရိသတ်များ၏ လက်အတွင်းသို့ လျှင်မြန်စွာ ပေးပို့နိုင်ရေး အတွက် ဆောင်ရွက်လျှက် ရှိပါသည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် လက်တွဲလုပ်ဆောင်လျှက် ရှိသည့် နိုင်ငံတကာ အားကစားဆိုင်ရာ အချက်အလက် စုဆောင်းရေး ကုမ္ပဏီ ဖြစ်သည့် Genius Sports နှင့် လက်တွဲကာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတစ်ပွဲချငါးအလိုက် နည်းစနစ်ဆိုင်ရာ အသေးစိတ် အချက်အလက်များကို ကောက်ယူပြီး ပွဲရလဒ်များကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ခြင်း၊ ကစားသမားများ၏ စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်များကို တိုင်းတာ စောင့်ကြည့် အကဲခတ်ဖော်ပြ ပေးခြင်းများကို မြန်မာနေရှင်နယ်လိဂ် Website နှင့် Applications များမှ လွယ်လင့်တကူ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျှက် ရှိသည်။ မြန်မာနေရှင်နယ်လိဂ် Website မှာ လက်ရှိ အချိန်တွင် တည်ဆောက်ဆဲ အနေအထားသို့ ရောက်ရှိနေပြီး မကြာမီ ကာလအတွင်း ပရိသတ် လက်ထဲသို့ အရောက်ပို့နိုင်တော့မည် ဖြစ်ပါသည်။

ထို့အပြင် Digital Platform တစ်ခု ဖြစ်သည့် Star Phone နှင့်လည်း လက်တွဲကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် တို့၏ သတင်းအချက်အလက်များ၊ ပွစဉ်များအကြောင်း၊ ကလပ်အသင်းနှင့်ပါတ်သက်သည့် အသေးစိတ်အချက်အလက်များကိုပါ အလွယ်တကူ ရယူသိရှိနိုင်ရေး အတွက်လည်း လုပ်ဆောင်လျှက် ရှိသည်။ Star Phone ၏ ကိုယ်ပိုင်နံပါတ် တစ်ခုဖြစ်သည့် *665 တွင် မြန်မာ့ဘောလုံးနှင့် သက်ဆိုင်သည့် သတင်းများ၊ ပွဲအချက်အလက်များ၊ ကစားသမား တစ်ဦးချင်း၏ အကြောင်းအရာများ၊ စွမ်းဆောင်ရည်များကို လွယ်လင့်တကူ ရယူနိုင်မည် ဖြစ်ရာ ပရိသတ်များနှင့် မြန်မာနေရှင်နယ်လိဂ်၏ စပွန်ဆာများအတွက် အလွန်အကျိုးရှိလာစေနိုင်ရုံ သာမက၊ လက်ရွေးစင်အသင်းအသီးသီး၏ နည်းပြချုပ်များ အတွက်ပါ ကစားသမားများ ရွေးချယ်ရာတွင် များစွာ အထောက်အကူ ပေးနိုင်မည် ဖြစ်သည်။ *665 တွင် မြန်မာ့ဘောလုံး သတင်းများကို ရယူနိုင်ရေး အတွက် MNL နှင့် Blue Ocean တို့ပူးပေါင်း ကြိုးပမ်းလျက်ရှိရာ မကြာမီကာလအတွင်း Official Launching ပြုလုပ်ပြီး Media များနှင့် ပရိတ်သတ်အားလုံးကို အသိပေးထုတ်ပြန်သွားမည်ဖြစ်သည်။