ပြည့်ဖြိုးခိုင်၏ သွင်းဂိုးနှင့်အတူ နိုင်ပွဲရရှိခဲ့သည့် ISPE လူငယ်အသင်း

February 5, 2020

စစ်ကိုင်းယူနိုက်တက်(ဝ-၁) ISPE (အား/ကာသိပ္ပံ)

ယနေ့ ညနေပိုင်းက ပဒုမ္မာကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League (U-21) 2020 ပွဲစဉ်(၃) မှာ ISPE (အား/ကာသိပ္ပံ)အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းအပေါ် ပြည့်ဖြိုးခိုင်၏ သွင်းဂိုးနဲ့အတူ တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

စစ်ကိုင်းယူနိုက်တက်(ဝ-၁) ISPE ပွဲစဉ်မှ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေသည့်မြင်ကွင်း။

ISPE အသင်းအနေဖြင့် ယနေ့ပွဲအနိုင်ရလဒ်ကြောင့် ရာသီအစ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီး စစ်ကိုင်းယူနိုက်တက်ကတော့ ရာသီအစ သုံးပွဲဆက် အရေးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

အလားတူ ယနေ့ယှဉ်ပြိုင်ကစားခဲ့သော အခြားပွဲစဉ်တွေမှာ ရတနာပုံလူငယ်အသင်းက မောရဝတီလူငယ်အသင်းကို (၃-ဝ) ဂိုး၊ ရှမ်းယူနိုက်တက်လူငယ်အသင်းက ဟံသာဝတီယူနိုက်တက်လူငယ်အသင်းကို (၂-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။