ပြည့်ဖြိုးခိုင်၏ သွင်းဂိုးနှင့်အတူ နိုင်ပွဲရရှိခဲ့သည့် ISPE FC လူငယ်အသင်း

February 5, 2020

စစ်ကိုင်းယူနိုက်တက်(ဝ-၁)ISPE (အား/ကာသိပ္ပံ)

ယနေ့ ညနေပိုင်းက ပဒုမ္မာကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League (U-21) 2020 ပွဲစဉ်(၃) မှာ ISPE (အား/ကာသိပ္ပံ)အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းအပေါ် ပြည့်ဖြိုးခိုင်၏ သွင်းဂိုးနဲ့အတူ တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ISPE အသင်းအနေဖြင့် ယနေ့ပွဲအနိုင်ရလဒ်ကြောင့် ရာသီအစ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီး စစ်ကိုင်းယူနိုက်တက်ကတော့ ရာသီအစ သုံးပွဲဆက် အရေးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ထို့အတူ ယနေ့ယှဉ်ပြိုင်ကစားခဲ့သော အခြားပွဲစဉ်တွေမှာ ရတနာပုံအသင်းက မောရဝတီအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။

ရတနာပုံ (၃-ဝ) မောရဝတီ
ဟံသာဝတီယူနိုက်တက် (ဝ-၂) ရှမ်းယူနိုက်တက်