MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီယူနိုက်တက် ယူ-၁၉ အသင်းနှင့် ဧရာဝတီယူနိုက်တက် ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအသင်းမှ သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ပထမပိုင်းတွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိရန် ဖိအားပေး ကစားခဲ့ပြီး ဟံသာဝတီအသင်းမှ တန်ပြန်တိုက်စစ်များဖြင့် တုံ့ပြန်ခဲ့သည်။ သို့သော် နှစ်ဖက်စလုံးမှ ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပထမပိုင်းအပြီး
ဂိုးမရှိသရေကျခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ဟံသာဝတီအသင်းနောက်ခံလူ ကျော်စိုးအောင်မှ ကိုယ့်ဂိုး ကိုယ်သွင်းယူခဲ့မိခြင်းဖြစ်သည်။ ထို့နောက် ပွဲချိန် ၇၉ မိနစ်နှင့် ၉၀+၃ မိနစ်များတွင် ဆွေဦးလှိုင်က ဒုတိယဂိုးနှင့် တတိယအနိုင်ဂိုးများ သွင်းယူပေးခဲ့သဖြင့် သုံးဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။