MNL I

နောက်ကျဂိုးဖြင့် ဇွဲကပင်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း

By Ye Min Win

February 18, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ လေးနာရီက သုဝဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းအသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဇွဲကပင်အသင်း၏ မာမာထန်ထန် တုံ့ပြန်မှုများကြောင့် ဂိုးမရခဲ့ပေ။ ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် ၈၉ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် မက်ဆီမင်က ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းအနေဖြင့် ချေပဂိုး ပြန်လည်မသွင်းယူနိုင်ခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။