MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-8) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်( ယနေ့)ညနေ သုံးနာရီခွဲက မုံရွာကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ စစ်ကိုင်းယူ နိုက်တက်အသင်းမှ ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် အသင်းခေါင်းဆောင် တိုးဆက်နိုင်မှ ခေါင်းတိုက်သွင်း ပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် အိမ်ရှင်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ၄၉ မိနစ်၊ ၇၆ မိနစ်နှင့် ၈၃ မိနစ်များတွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ ဒုတိယဂိုး၊ တတိယဂိုးနှင့် စတုထ္ထဂိုး တို့ ရခဲ့ပြီး ကောင်းထက်ကျော်၊ ပက်ထရစ်၊အောင်ကိုကိုဝင်းတို့မှ အသီးသီးသွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် အိမ်ရှင်အသင်းမှ ၄-၀ ဂိုးဖြင့် မကွေးအသင်းကို အနိုင်ရခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် မကွေးအသင်းကို အနိုင်ရခဲ့သည့်အတွက် ၂၀၂၀ ဘောလုံးရာသီအတွက် အိမ်ကွင်းပထမဆုံး နိုင်ပွဲစတင်ရယူသွားခဲ့ပြီဖြစ်သည်။