MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် မတ် ၂၄ ရက်တွင် မကွေးအသင်းနှင့် ကစားရမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူ ကွန်ဂို သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် အဆိုပါပွဲအား လွဲချော်မည်ဖြစ်သည်။
အသက် ၂၇ နှစ်အရွယ်ရှိ ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူ အားနက်စ်အဘူဘာကာကွန်ဂိုသည် ရန်ကုန်ယူနိုက်တက် အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ကိုးပွဲစလုံးတွင် ပွဲထွက် ကစားသမားအဖြစ် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမား တစ်ဦးဖြစ်ပြီး ကိုးပွဲကစားအပြီးတွင် တစ်ဂိုးသွင်းယူပေးထားသည်။ ကွန်ဂိုသည် အဝါကတ် သုံးကတ် ပြည့်ခဲ့သည့်အတွက် မကွေးအသင်းနှင့် ကစားရမည့်ပွဲစဉ်အား လွဲချော်ရခြင်း ဖြစ်သည်။
မကွေးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သည် လာမည့် မတ် ၂၄ ရက်၊ ညနေ လေးနာရီ၊ YUSC ကွင်းတွင် ကစားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မကွေးအသင်းသည် ရမှတ် ခုနစ်မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး ရန်ကုန်ယူနိုက် တက်အသင်းသည် ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။