၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းများ အနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် အတိုင်း သြဂုတ်လ ၉ ရက်မှ စတင်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ရွေးစင်အသင်း အဆောင်များတွင် Camp Quarantine ဝင်နေပြီဖြစ်ပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းကိုလည်း ယနေ့တွင် စတင်ပြုလုပ်နေပြီဖြစ်ပါသည်။

ယနေ့သြဂုတ်လ ၁၀ ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ဆောက်သမ်းမြန်မာ၊ မကွေးအက်ဖ်စီနှင့် ရတနာပုံအက်ဖ်စီအသင်းများ ကိုဗစ်စစ်ဆေးခြင်းကို စတင်ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၁၁ ရက်တွင် အခြားကလပ်အသင်းများကို စစ်ဆေးသွားမည်ဖြစ်ပါသည်။

ယင်းသို့ ကလပ်အသင်းများအတွက် ကိုဗစ်စစ်ဆေးခြင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ အကုန်အကျခံ စစ်ဆေးပေးခြင်း ဖြစ်ပါသည်။



