အမှားခံလို့မရတဲ့ ရန်ကုန်-ဟံသာဝတီ နဲ့ MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၁) အနေအထား

August 25, 2020

ထွန်းထွန်းဦး(လှိုင်)

MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၁) ကိုရောက်လာပြီ။ ပွဲစဉ် (၁၁) မှာလည်း ချန်ပီယံဆု အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပွဲကောင်းတွေပါနေတယ်။ တစ်နည်းပြောရမယ်ဆိုရင် အမှားမခံတဲ့ ပွဲတွေအပြည့်နဲ့လို့တောင် ဆိုနိုင်တယ်။ ဟုတ်ပါတယ်။ အခုအနေအထားက အသင်းတိုင်း လုံးဝအမှားမခံကြတဲ့အချိန်ဖြစ်နေပါတယ်။ ဒီလိုအချိန်မှာ ချန်ပီယံပြေးလမ်းပေါ် မေးတင်နေတဲ့ အသင်းတွေ အချင်းချင်းပြန်ဆုံပြီး အမှတ်လုရမယ့်ပွဲတွေ ပါဝင်နေလို့ ဘယ်လိုမျိုးမဆို ပွဲစဉ် (၁၁) ဟာ ထင်တာထက်ပိုပြီး အကြိတ် အနယ်ကစားရမယ့်ပွဲတွေဖြစ်နေတယ်။

ပွဲစဉ် ၁၁ ပွဲစဉ်ဇယား


ပွဲစဉ် (၁၁) မှာ အားလုံးစောင့်ကြည့်ဖြစ်နေတာက အခြားပွဲတွေထက်ပိုပြီး အများမျှော်တဲ့
သုဝဏ္ဏကွင်းထဲက ရန်ကုန်ယူနိုက်တက်နဲ့ ဟံသာဝတီ ယူနိုက်တက်ဆုံတဲ့ ဒီနေ့ ပွဲဖြစ်နေ တယ်။
အသင်းတိုင်း (၈) ပွဲစီ ကစားအပြီးမှာ ဟံသာဝတီက အမှတ်ပေးဇယားမှာ အဆင့် (၁) နဲ့ ရမှတ် က ၂၁ မှတ်ရထားတယ်။ ဒုတိယလိုက်နေတဲ့ ဧရာဝတီက ရမှတ် ၂၀ လက်ထဲမှာရှိနေပြီး ဟံသာဝတီနဲ့ တစ်မှတ်သာကွာခြားနေတယ်။ တတိယနေရာမှာတော့ ရန်ကုန်ယူနိုက်တက် ရှိတယ်။ ရမှတ်က ၁၇ မှတ်ရထားတယ်။ ဒုတိယနေရာ မှာ ရှိနေတဲ့ဧရာဝတီနဲ့ ၃ မှတ်ကွာဟနေသေးသလို၊ ဟံသာဝတီနဲ့က ၄ မှတ် အကွာ မှာရှိနေတယ်။

ဒါကြောင့် ဟံသာဝတီနဲ့ဒီနေ့ဆုံတဲ့ပွဲဟာ ရန်ကုန် အတွက် အသက်တမျှ အရေးကြီးနေတယ်။ ရန်ကုန်ဟာ ဒီပွဲပြီးရင် ပွဲစဉ် (၁၂) မှာ ရတနာပုံနဲ့ Y.U.S.C ကွင်းမှာတွေ့မှာဖြစ်ပြီး ပွဲစဉ် (၁၃) မှာ စစ်ကိုင်းနဲ့ သုဝဏ္ဏကွင်းမှာ ဆုံမှာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂ ရက်ခြားပြီး တစ်ပွဲနှုန်း ယှဉ်ပြိုင်နေရတဲ့ ကာလမှာ အမှတ်ပေးဇယား အထက်ပိုင်းကို တက်လှမ်းဖို့ အမှတ် လိုနေတဲ့ ရန်ကုန်အတွက်တော့ ပွဲတိုင်းမှာ အမှတ်လျော့ ခံလို့ကို မရတဲ့ အနေအထားဖြစ်တယ်၊

ဟုတ်ပါတယ်။ ဒီပွဲဟာ ဟံသာဝတီအတွက် အရေးကြီးနေသလို ရန်ကုန်အတွက်လည်း အရေးပါလွန်းတဲ့ပွဲဖြစ်တယ်။ နှစ်သင်းစလုံး ဒီပွဲမှာ အမှတ်ရ ထားဖို့ လိုနေ တယ်။ တစ်ခုရှိ တာ က ရန်ကုန်ဟာ အိမ်ကွင်း Y.U.S.C မှာ မကွေးကို ဂိုးပြတ်နဲ့အသာရထားလိုက်တဲ့ တိုက်စစ် မျိုး ဟံသာဝတီ ကို ရင်ဆိုင်ပွဲထွက်မယ့် ယနေ့ပွဲအထိ ပရိသတ်အကြိုက်မြင်ရဦးမလား။ နောက်ပြီး ဟံသာဝတီပါ၊ အမှတ်ပေးဇယား မှာ ဆက်လက်ရပ်တည်ဖို့အတွက် ပွဲဟာ သိပ်ကို အရေးပါတယ်။ အိမ်ရှင် ရန်ကုန်ကလည်း အမှတ် အပြည့်ရအောင်ပြင်ဆင်ထားတဲ့ တိုက်စစ်နဲ့ကွင်းလယ်ဟာ သိသိသာ သာနဲ့ တိုးတက်လာ ချိန်မှာ ဟံသာဝတီရဲ့ စုဖွဲ့မှု အနေအထားကရော MNL ရာသီအစတုန်းကလို အချိတ်အဆက်မိမိ ၊ ကစားအားကာင်းကောင်းနဲ့ ထိုးစစ်သန်မာမှုတွေ ရှိနေဦးမလား။ ဒီနေ့မှာ ပရိသတ်တွေသိချင်နေတဲ့ ဟံသာ ဝတီရဲ့ ခြေစွမ်းကို မျက်ဝါးထင်ထင် အကဲခတ်ခွင့်ရမှာဖြစ်တယ်။


အသင်းဟောင်းဖြစ်တဲ့ ရန်ကုန်ကို ဟံသာဝတီနည်းပြ ဦးမျိုးမင်းထွန်းအနေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်ဖို့ ပြင်ဆင်ထားသလဲဆိုတာ ကြည့်ရမယ်။ ပြီးခဲ့တဲ့ ပွဲစဉ် (၁၀) မှာ မကွေးကို အနိုင်ယူခဲ့တဲ့ ရန်ကုန်ရဲ့ခြေစွမ်းနဲ့ လုပ်အားနှုန်းကို ကြိုတွေ့ထားရပြီးဖြစ်လို့ ဦးမျိုးမင်း ထွန်းဟာ ဟံသာဝတီ အတွက် ရန်ကုန်ကို ယှဉ်ပြိုင်ရင်ဆိုင်နိုင်မယ့် ပုံစံကောင်း တစ်ခုကိုချမှတ်ပေး ထားပြီးဖြစ်နေမှာပါ။ တိုက်စစ်မှာ တိုးအားကောင်းတဲ့ ဘစ်ဆာနဲ့ အီမီကာအတွဲ၊ ရွှေလှိုင်ဝင်းနဲ့ လာဒင်မော်ရာ တို့ရဲ့
ကွင်းလယ်ချိတ် ဆက်မှု အပိုင်းအပြင် ခံစစ်တန်းမှာ မာမာထန်ထန်ရှိနေကြမယ့် မွန်ကာလူး၊
နန်းဝေမင်း၊သန့်ဇင်ဝင်း၊ ဟိန်းထက်အောင်တို့ တစ်သိုက်နဲ့ အိမ်ရှင်ဖြစ်တဲ့ ရန်ကုန် ယူနိုက်တက်ကို အားပြိုင်ကြပါပြီ။

ရန်ကုန်ကလည်း ဦးတင်မောင်ထွန်း သွန်သင်မှုအောက်မှာကျာ်ဇင်ထက်၊ သူရိန်စိုး၊ ဇာနည်ထက်၊ အဘူဘာကာ၊ သိန်းသန်းဝင်း၊ ထိုက်ထိုက်အောင်တို့ရှိနေတဲ့ ခံစစ်တန်းအပြင် ကွင်းလယ်မှာမာင်မောင်ဝင်း၊ ရန်နိုင်ဦးနဲ့ ရန်ပိုင်စိုး တို့လို လူသစ် ၃ ယောက် အားကလည်း တော်တော်လေးကိုကောင်းလွန်းခဲ့တယ်ဆိုတာ မကွေးကို ၆-၀ နဲ့ အနိုင်ရတဲ့ပွဲမှာတွ့ရမယ်။ အထူးသဖြင့်မာင်မောင်ဝင်းနဲ့ ရန်နိုင်ဦးတို့ နှစ်ယောက်ရဲ့ ကွင်းလယ်မှာ လွန်းထိုးကစားတဲ့ အားဟာ ဟံသာဝတီနဲ့ပွဲမှာ
အခရာကျနေမလားပဲ။ ပြီးတော့ ကြည်လင်း၊ မောင်မောင်လွင်၊ အီမန်နူရယ်နဲ့ ဘာဖိုတို့ တိုးအားနဲ့ရုန်းအားတွေ ကလည်း အခြားတွဲဖက်ကစားဖော်တွေ နဲ့ ချိတ်ဆက်မှုအပိုင်းမှာ အားရဖွယ် အဖွင့်ဖြစ်အောင် ပွဲစဉ် (၁၀) မှာ လုပ်ပြခဲ့လို့ ဒီနေ့ပွဲတွေ့ ဆုံမှုမှာ သချာပေါက် အကြိတ်အနယ်ဖြစ်လာပါ လိမ့်မယ်။ ပြောစရာကိုမလိုမှာကတော့ တစ်ဖက်ဂိုးသမားတွေနဲ့အတူ ခံစစ်သမားတွေ အလုပ်များ ကြမယ့်ပွဲပါ။ ပြီးတော့ ရလာတဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်မယ့် အသင်းဟာ ဒီနေ့ပွဲအတွက် အနိုင်ပွဲကို အကောင်းဆုံး ချဉ်းကပ်နိုင်မယ့်အသင်းဖြစ်လာဖို့ရှိနေလိမ့်မယ်။ SET-PIECE တွေဟာအသာရရေး အတွက်အထူးအရေးကြီးတဲ့ အရာများလိုဖြစ်နေကြဦးမှာ သေချာနေပါသေးတယ်။

အဲ့ဒါအပြင် ရန်ကုန် ကစားသမားဟောင်းတွေ၊ ဟံသာဝတီ ကစားသမားဟောင်းတွေ အချင်းချင်း
ပြန်ဆုံတွေ့ကြမယ့် အရင်းနှီးဆုံး သူစိမ်းတွေရဲ့ အားပြိုင်မှုတွေက ပရိုလောကမှာ
ဘယ်လောက်အထိ ပြိုင်ဆိုင်မှုပြင်းထန်မလဲဆိုတာ ကြည့်ချင်မိသလို၊ ဦးမျိုးမင်းထွန်းနဲ့ ဦးတင်မာင်ထွန်းတို့ ၂ ဦးရဲ့ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာ ပညာသားပါပါ လူစားလဲမှု နဲ့ နည်းစနစ် အသုံးချမှု အပိုင်းကိုပါ ကြည့် ရဦးမှာ ဖြစ်နေတယ်။ အနေအထားအရ ဒီနှစ်သင်းသရေကျလို့မရဘူး။ သရေကျရင် နှစ်သင်းစလုံးအတွက် နစ်နာတယ်လို့ပဲပြောချင်ပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ဒီနှစ်သင်းသရေကျရင် ရှုံးတာနဲ့ အတူတူပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အားလုံးသိကြတဲ့အတိုင်း အမှတ်တွေက တစ်သင်းနဲ့ တစ်သင်း သိပ်မကွာကြတာကြာင့်ပါ။ ဧရာဝတီရဲ့ ဖိအားပေးမှုက ဒီပွဲအပေါ် သက်ရောက်မှု တွေကြီးနေတယ်လေ။

ဒီပွဲမှာ ရန်ကုန်က ဟံသာဝတီကို နိုင်လိုက်ရင် တစ်မှတ်ပဲကွာမယ်၊ ဟံသာဝတီကလည်း ရန်ကုန် ကိုနိုင်လိုက်မယ်ဆိုရင် အမှတ်ကွာဟမှုက ရန်ကုန်ကို ၇ မှတ်အထိ ဖြတ်ချထားနိုင်မှာဖစ်တယ်။ ဒီတော့စ်သင်းစလုံး အမှားမခံကြလို့ ဘာတွေ ဆက်ဖြစ်လာကြမလဲ။ ပြီးတော့ တစ်ဖက်မှာလည်း ဧရာဝတီယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက် အသင်းနှစ်သင်းဟာ ဒုတိယနေ့မှာ ကစားရတာဖြစ်လို့ရှေ့မှာ ကစားသွားတဲ့ ပွဲကြီးပွဲကောင်းရလဒ်တွေကို ချိန်ဆကာ လိုချင်တာရအောင်
ယူခွင့်ရှိနေတာကြောင့်ပါပဲ။

ပြောမယ့်သာပြောတာပါ။ ဒုတိယနေရာမှာရှိနေပြီး ရန်ကုန်နဲ့ ဟံသာဝတီကို ဒီရာသီ ပကျော့မှာ
အနိုင်ယူကစားထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်တဲ့ ဧရာဝတီ လည်း စစ်ကိုင်းနဲ့
ကစားရမှာ ဖြစ်လို့ ပွဲမချောင်ပါဘူး။ စစ်ကိုင်းကလည်း ပြိုင်ဘက်ကောင်းရင် လိုက်ပြီးကောင်း
တတ်တဲ့အသင်းမျိုးဖြစ်တယ်။ ဧရာဝတီအနေအထားကလည်း အခုအချိန်မှာ ပြောစရာတွေ အကောင်းဆုံးလိုမျိုး ရှိနေတယ်။ တိုက်စစ်မှာ ဆာဆက်၊ နေလင်းထွန်းနဲ့ ဝင်းနိုင်ထွန်းတို့ အနေအထားအပြင် ကွင်းလယ် မာကျောမှုက ဧရာဝတီမှာ အောင်နိုင်ဝင်း၊ တင်ဝင်းအောင် နဲ့ လွင်မိုးအောင်တို့ဟာ ပြိုင်ဘက်ကို အားမာန်အပြည့်နဲ့ ရင်ဆိုင်သွားတာ ရခိုင်နဲ့ပွဲမှာ
တွ့ပြီးဖြစ်ပါလိမ့်မယ်။ ခံစစ်တန်းမှာ စိုးမိုးကျော်၊ ကျော်ဇင်လွင်၊ ဇော်ဝင်းတို့အားက စစ်ကိုင်းနဲ့ပွဲမှာ တစ်ဖက် တိုက်စစ်ကို ဘယ်လိုမျိုးထိန်းပြမလဲ ဆိုတာကြည့်ရမယ်။ ရခိုင်နဲ့ပွဲမှာ ကစားသမားကာင်းတွ ဖြစ်တဲ့ တင်ဝင်းအောင်တို့ ကို ဦးမျိုးလှိုင်ဝင်းက စောစော လူစားလဲ အနားပေးထား ခဲ့တာတွေ့ရတယ်။ ဘယ်လိုမျိုး မဆို အဲ့ဒီသက်ရောက်မှုက စစ်ကိုင်းနဲ့ ပွဲမှာလည်း အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်မယ်လို့ ယူဆနိုင်တယ်။


စစ်ကိုင်းက အသင်းကောင်းတွေနဲ့ဆုံရင် ဘာမထီပြန်တွယ်တတ်တဲ့ အသင်းတွေထဲမှာပါတယ်။
ဒါပေမဲ့ တစ်ခုရှိတာက အိမ်ကွင်း မဟုတ်ပဲနဲ့ ကြားမြေပေါ်မှာ ကစားရတာဖြစ်မှာရယ်၊
ပွဲဆက်တွေ ပြတ်နေတာရယ်ကြောင့် ဒီပွဲမှာ စစ်ကိုင်းအနေနဲ့ အမှားမရှိအောင်ပြင်ဆင် သင့်တာ
ပြင်ဆင်ထား၊ လိုချင်တာ ရအောင်ယူဖို့ လုပ်ထားမှာဖြစ်မယ်။ ဧရာဝတီအတွက်လည်း လိုအပ်တဲ့ အမှတ်ကို တစ်ဖက်မှာ ဟံသာဝတီနဲ့ ရန်ကုန်ယူနိုက်တက် ပွဲကျပ်တိုးနေချိန်ကို
အခွင့်အရေးယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို တက်ရောက်ခွင့်ရဖို့ လိုသေးတယ်။ ဒါကိုလည်း ထိထိမိမိနဲ့ ရယူပေးဖို့ ဦးမျိုးလှိုင်ဝင်း အတွက် အရေးကြီး နေပြန်တယ်။


အဲ့ဒါအပြင် ရတနာပုံနဲ့ မကွေးပွဲကိုလည်း ပြောချင်သေးတယ်။ ရတနာပုံက ပြီးခဲ့တဲ့ပွဲမှာ ISPE ကို အသာရသွားတာ မှန်တယ်။ ဒါပေမယ့် ခြေစွမ်းနဲ့ ထိုးစစ်က လိုအပ်တာလေးတွေရှိတာတွေ့ရမယ်။ လူကောင်းတွေများတယ်။ အတွေ့အကြုံရင့်သူတွေပါနေတဲ့ အတွက်ကြာင့် လိုအပ်တဲ့ ဂိုးတွေကို လိုအပ်တဲ့အချိန်မှာ အရယူပြပေးသွားနိုင်တာ သဘောကျမိတယ်။  အောင်သူ ဟတ်ထရစ်ရတဲ့ အရှိန်လေး ဒီဘက်ပွဲအထိ မိစေချင်တယ်။ မကွေး အတွက်တော့ ရတနာပုံကို ဂိုးရအောင် သွင်းပြနိုင်ဖို့လိုတယ်။ နိုင်ငံခြားသားမပါတဲ့ အသင်း အချင်းချင်းပြန်ဆုံလို့ ပွဲက ကြည့်ကောင်းပါလိမ့်မယ်။ မကွေးကစားသမားတွေဖြစ်တဲ့ စိုးလွင်လွင်တို့ ဂိုးသမား စိုးအာကာတို့ ပြည်မိုးတို့ တာဝန်ကျေတာထက်ပိုတဲ့ လုပ်နိုင် ကိုင်နိုင်မှုတွေ၊ ရလာမယ့် အခွင့်အရေးတွေကို အမိအရနဲ့ ရတနာပုံနဲ့ပွဲမှာ အသုံးချနိုင် မလား ဆိုတာ ကြည့်ရမှာဖြစ်တယ်။


ပြီးတော့ ရှမ်းယူနိုက်တက်ပါ။ ရှမ်းယူနိုက်တက် အတွက် ရခိုင်နဲ့ပွဲမှာ အသာရအောင် ခြေစွမ်း
ကာင်းကောင်းနဲ့ ဖိအားပေးနိုင် မလား၊ ဆောက်သမ်းနဲ့ ပွဲတုန်းကလိုမျိုးမဖြစ်ဖို့တော့ ရုန်းမှရမယ်။ ရသင့်ရထိုက်တဲ့ ဂိုးတွေ အမိအရယူထားနိုင်ဖို့လိုသလို ဂိုးကံခေတာမျိုး မဖြစ်ဖို့ လုပ်ထားနိုင်ဖို့ လိုတယ်။ ရုန်းအားရှိတဲ့ တိုက်စစ်တွေ၊ အရည်အသွေးမြင့် ကစားသမား စွမ်းအင်တွေရှိနေပြီး အရင်တုန်းက ရှမ်းယူနိုက်တက်လို ပြန်ပြီး ထိထိမိမိနဲ့ ဒီနေ့ပွဲမှာမြင်ချင်မိတာ အမှန်ပါ။
အဲ့ဒါအပြင် မက်ဆီမန်၊ ကိတ်သ်၊ ဒေးဗစ်ထန်၊ ဇင်မင်းထွန်းနဲ့ နန္ဒကျော်တို့ တွဲလုံးတွေ ရခိုင်နဲ့ပွဲမှာ ပိုထိရောက်စေချင်တယ်။ တောင်ပံတွေက တက်လာတဲ့ အကောင်း စားပေးပို့ မှုတွေ၊ အချိတ်အဆက်မိမိနဲ့ ထိုးဖောက်မှုတွေဟာ ရခိုင်နဲ့ပွဲမှာမြင်ရမလားပဲ။ တစ်ကယ်လည်း ရှမ်းဆီမှာ အများကြီးကို မျှော်ဖြစ်တာတွေရှိတယ်။


ရခိုင်ကလည်း ဧရာဝတီနဲ့ပွဲမှာ ဂိုးမရခဲ့ပေမယ့် ရုန်းကစားသွားတာတွေ၊ သူတစ်ပြန်ကိုယ်တစ်ပြန်
ပြန်တိုက်တာတွေ မဆိုးလှပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက အခွင့်အရေးကောင်းတွေ ကို အပိုင်
အသုံးချဖို့ဒီပွဲမှာ အခွင့်အရေးရတဲ့အခါ ယူထားနိုင်ဖို့လိုတယ်။ ရှမ်းနဲ့ရခိုင်ကလည်း အဆင့် ၄ နဲ့ ၅
ဆိုတော့ အထက်အောက်လိုဖြစ်နေတယ်။ အထူးသဖြင့်ရှမ်းပါ။ ရန်ကုန်နဲ့က ၃ မှတ်သာကွာတာကြောင့် အထက်ပြန်တက်ဖို့ အမှတ် လိုတယ်။ ဒီပွဲမှာ ရှမ်းအတွက် ရန်ကုန်နဲ့ ဟံသာဝတီပွဲကိုကြည့်ပြီး ယူရမယ့် အမှတ်ကို ပဲ့ပါ မသွားအောင်ယူဖို့လိုနေတယ်ဆိုတာပါပဲ။

နောက်ပြီး ဆောက်သမ်းနဲ့ ISPE တွေ့ဆုံမှုကတော့ ဘယ်အသင်း ဂိုးသွင်းတဲ့အပိုင်းမှာ ပိုပြီးတော့ခြေစ၊ ခြေနရှိမလဲဆိုတာ ဦးစားပေးကြည့်ရမယ်။ နှစ်သင်းစလုံးပြီးခဲ့တဲ့ ပွဲအသီးသီးမှာ ရှုံးခဲ့ကြတယ်။ ဆောက်သမ်းကတော့ ကစားသမားအချို့ ဒဏ်ရာ ရကုန်လို့ ခံစစ်တန်းဟာ ရှမ်းနဲ့ပွဲကလိုမျိုး ကျစ်လျစ်နိုင်မလား၊ ISPE ကရော ကစားအားရှိပြီး ကစားကွက်နဲ့ လူငယ်တွေရဲ့ လွန်းထိုး ကစားမှုဟာဆာက်သမ်း ခံစစ်တန်းကို ကျော်ဖြတ်နိုင်မလား။ ကောင်တာကာင်းတဲ့ အမှတ်ပေးဇယားအောက်ဆုံးက အသင်း ၂ သင်းတွေ့ဆုံမှုဟာ အခြားပွဲစဉ်တွေထက်များ ကြည့်ကောင်းနေဦးမလားပဲ။


ဘာပဲဖြစ်ဖြစ် ပွဲစဉ် (၁၁) အနေအထားကလည်း ရပ်တည်မှုတိုက်ပွဲတွေ အတွက် ၊ ချန်ပီယံပးလမ်းမှာ ထိပ်ဆုံးနေရာအပြောင်းအလဲ အတွက် စတင်ရင်ခုန်ရမယ့် အချိန်ဖြစ်နေတယ်ဆို တာပြောရင်း ရင်ခုန်စရာကောင်းတဲ့ ပွဲတွေနဲ့ ဒီနေ့ ဖြတ်သန်းရအောင်ပါခင်ဗျာ။