ဧရာဝတီနိုင်ပွဲရပ်တန့်ခဲ့ပြီး ရန်ကုန်၊ရှမ်း၊ဟံသာဝတီအသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည့် ပွဲစဉ်(၁၂)

September 1, 2020

MPT Myanmar National League 2020 ပွဲစဉ်(၁၂) ကို သြဂုတ်လ ၃၀၊ ၃၁ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ပြီး နာမည်ကြီး ဧရာဝတီယူနိုက်တက်အသင်း သရေပွဲကြုံခဲ့ပြီး ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြသည်။
ချန်ပီယံဟောင်းနှစ်သင်းတွေ့ဆုံသည့် ပွဲစဉ်ဖြစ်သည့် ရတနာပုံအက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်တို့ပွဲစဉ်တွင် ရန်ကုန်အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်ပွဲစဉ်တွင် ရှမ်းအသင်းက (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
ထို့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှ ဟံသာဝတီယူနိုက်တက်အသင်းက ISPE အသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီး တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အကြိတ်အနယ်ဖြစ်ခဲ့သည့် ဆောက်သမ်းမြန်မာနှင့် ဧရာဝတီယူနိုက်တက်တို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သလို မကွေးအက်ဖ်စီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ်တွင်လည်း အပြန်အလှန်သွင်းဂိုးများနှင့်အတူ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

MPT Myanmar National League 2020 ပွဲစဉ် (၁၂) ရလဒ်များ
ISPE (ဝ-၁) ဟံသာဝတီယူနိုက်တက်
ဆောက်သမ်းမြန်မာ (၁-၁) ဧရာဝတီယူနိုက်တက်
ရတနာပုံအက်ဖ်စီ (၁-၃) ရန်ကုန်ယူနိုက်တက်
ရှမ်းယူနိုက်တက် (၅-၁) စစ်ကိုင်းယူနိုက်တက်