MPT Myanmar National League 2020 ပွဲစဉ်(၁၂) ကို သြဂုတ်လ ၃၀၊ ၃၁ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ပြီး နာမည်ကြီး ဧရာဝတီယူနိုက်တက်အသင်း သရေပွဲကြုံခဲ့ပြီး ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြသည်။ချန်ပီယံဟောင်းနှစ်သင်းတွေ့ဆုံသည့် ပွဲစဉ်ဖြစ်သည့် ရတနာပုံအက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်တို့ပွဲစဉ်တွင် ရန်ကုန်အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်ပွဲစဉ်တွင် ရှမ်းအသင်းက (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ထို့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှ ဟံသာဝတီယူနိုက်တက်အသင်းက ISPE အသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီး တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။အကြိတ်အနယ်ဖြစ်ခဲ့သည့် ဆောက်သမ်းမြန်မာနှင့် ဧရာဝတီယူနိုက်တက်တို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သလို မကွေးအက်ဖ်စီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ်တွင်လည်း အပြန်အလှန်သွင်းဂိုးများနှင့်အတူ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
MPT Myanmar National League 2020 ပွဲစဉ် (၁၂) ရလဒ်များISPE (ဝ-၁) ဟံသာဝတီယူနိုက်တက်ဆောက်သမ်းမြန်မာ (၁-၁) ဧရာဝတီယူနိုက်တက်ရတနာပုံအက်ဖ်စီ (၁-၃) ရန်ကုန်ယူနိုက်တက်ရှမ်းယူနိုက်တက် (၅-၁) စစ်ကိုင်းယူနိုက်တက်