ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ဟံသာဝတီယူနိုက်တက်တို့ပွဲတွင် ဟံသာဝတီယူနိုက်တက်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ဟံသာဝတီယူနိုက်တက် အသင်းအတွက်ဂိုးများကို ပွဲချိန် ၇၇ မိနစ်တွင် အောင်မြတ်သူ၊ ပွဲချိန် ၉၀+၁ မိနစ်တွင် ဝင်းမိုးကျော်တို့က သွင်းယူပေးခဲ့ပြီး ရတနာပုံအသင်းအတွက် ဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် ပြည်မိုးက သွင်းယူပေးခဲ့သည်။ယနေ့ ပွဲအပြီးတွင် ဟံသာဝတီယူနိုက်တက်အသင်းသည် ရမှတ် ၃၆ မှတ်ဖြင့် အဆင့် ၂ သို့ တက်လှမ်းနိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည့် ရတနာပုံ အသင်းသည် ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၇ တွင် ဆက်လက်ရပ်တည်ခဲ့သည်။