Features

ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူ ဝေလင်းအောင် AYA Pay အကောင်းဆုံးဆု ရရှိ

By fridaythihazaw

January 15, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-15) ပွဲစဉ် တစ်ပွဲ အဖြစ် ဇန်နဝါရီ ၁၁ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူ ဝေလင်း‌အောင်က ရခဲ့ သည်။

နှစ်ဂိုးစီ သရေကျခဲ့သည့် မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲတွင် ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူဝေလင်းအောင်(ကျောနံပါတ် ၄၁)သည် ခြေစွမ်းပြနိုင်သည့်အပြင် အသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

ဝေလင်းအောင်သည် အကောင်းဆုံးကစားသမား ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရ ရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ချီးမြှင့်ပေးခဲ့သည်။Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။