Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ် တစ်ပွဲ အဖြစ် ဇန်နဝါရီ ၁၇ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ဒဂုံပေါ့အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဒဂုံပေါ့ ကွင်းလယ်လူ မျိုးဆက်ပိုင်က ရရှိခဲ့သည်။ဒဂုံပေါ့အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ပွဲတွင် ဒဂုံပေါ့အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ဒဂုံပေါ့ ကွင်းလယ်လူ မျိုးဆက်ပိုင်(ကျောနံပါတ် ၈) သည် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။
မျိုးဆက်ပိုင်သည် အကောင်းဆုံးကစားသမား ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရ ရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ဒဂုံပေါ့အသင်း အမှုဆောင် အရာရှိချုပ် ဦးဌေးလှိုင် က ချီးမြှင့်ပေးခဲ့သည်။Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။
AYA Pay Best Award goes to Dagon Port FC midfielder Myo Sat Paing.Myanmar National League 2024-25 Rating Football Competition (Week 16) On January 17 (today), the Dagon Port FC team and the Mahar United team played at Thuwanna Stadium in the evening. Dagon Port midfielder Myo Sat Paing won the AYA Pay Man of The Match award.The Dagon Port FC defeated Mahar United by 3–2 goals. Dagon Port midfielder Myo Sat Paing (Jesye Number 8) won the AYA Pay Man of the Match award because of his best performance in the match.Most Paing received 3 hundred thousand kyats with the best player trophy. The trophy and the prize were awarded by Dagon Port Club Executive Officer Htay Hlaing.The Myanmar National League organized the Man of the Match Best Player Award Program. Main support is provided by AYA Pay, the payment partner.