Features

AYA Pay အကောင်းဆုံး ကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်းမှ ဟိန်းဖြိုးဝင်းရရှိ

By fridaythihazaw

January 20, 2025

ယနေ့ Y.U.S.C ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သောMyanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်၏AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်း၏ နောက်ခံလူ ဟိန်းဖြိုးဝင်းက ရရှိခဲ့သည်။

ထိုပွဲစဉ်ကို ယနေ့ ဇန်နဝါရီ ၁၈ ရက်၊ ညနေပိုင်းက ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဧည့်သည် ရှမ်းယူနိုက်တက်က မြတ်ကောင်းခန့်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဟိန်းဖြိုးဝင်းအနေဖြင့် ယနေ့ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အထိမ်းအမှတ်ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ်သုံးသိန်း လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်းက ချီးမြှင့်ပေးခဲ့သည်။

AYA Pay Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာနေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထားသည်။