Features

Week-16 ရလဒ်များနှင့် အမှတ်ပေးဇယား ရပ်တည်မှု

By fridaythihazaw

January 22, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) တွင် ရှမ်းယူနိုက်တက်၊ ဒဂုံပေါ့၊ ရတနာပုံ၊ သစ္စာအားမာန်အသင်းတို့ နိုင်ပွဲကိုယ်စီ ရခဲ့ကြသည်။

ယခုတစ်ပတ်တွင် ရှမ်းယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက် အသင်းကို အနိုင်ရခဲ့ သည့်အတွက် အမှတ်ပေးဇယား အဆင့် ၁ တွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ အလားတူ ဒဂုံပေါ့အသင်းသည် မဟာယူနိုက်တက်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရတနာပုံအသင်းသည် ရခိုင်ယူနိုက်တက် အသင်းကို လေးဂိုး နှစ်ဂိုးဖြင့် အနို်င်ရခဲ့သည်။ သစ္စာအားမာန် အသင်း သည် ဧရာဝတီယူနိုက်တက် အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုတစ်ပတ်တွင် ISPE အသင်းနှင့် မြဝတီအသင်းတို့သည် ဂိုးမရှိ သရေကျခဲ့သလို ဒဂုံစတား ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည်လည်း တစ်ဂိုးစီ သရေကျခဲ့သည်။

Myanmar National League 2024-25

(Week-16)

Dagon Port 3-2 Mahar Utd

Arkar Kyaw – 34′(Mahar Utd)Thet Naing – 77’(Mahar Utd)Toe Sat Naing – 54’ (OG)Mogou – 74’(Dagon Port)La Yaung – 84’(Dagon Port)

Yangon United 0-1 Shan UnitedMyat Kaung Khant 7′

Rakhine Utd 2-4 Yadanarbon

Soe Min Oo -5’(Yadanarbon)Pyae Moe – 56’(Yadanarbon)Kyi Soe – 72’,83′(Yadanarbon)Moukailou – 15’(Rakhine Utd)Than Kyaw Htay – 25’(Rakhine Utd

ISPE 0-0 Myawady

Ayeyawady United 0-1 Thitsar ArmanNaing Win Tun 59′

Dagon Star United 1-1 Hantharwady UnitedAung Thiha 33′(DGS)Aung Myat Thu 63′