ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ပွဲတွင် ရတနာပုံအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရတနာပုံအသင်းအတွက် ဂိုးများကို ပွဲချိန် ၄ မိနစ်တွင် စခန့်ချော၊ ပွဲချိန် ၄၁ မိနစ်တွင် ဝါရင့်တိုက်စစ်မှူး ပြည်မိုး၊ ပွဲချိန် ၉၀+၂ မိနစ်တွင် ကြည်စိုးတို့က သွင်းယူပေးခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုး တစ်ဂိုးကို ပွဲချိန် ၉၀+၃ မိနစ်တွင် ညီညီအောင်က သွင်းယူပေးခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲချိန် ၇၈ မိနစ်တွင် ပင်နယ်တီရရှိခဲ့သော်လည်း တိုက်စစ်မှူး ရာဇာအောင်၏ ကန်သွင်းမှုကို ရတနာပုံဂိုးသမား အာကာလင်းမြတ်က ကာကွယ်ပုတ်ထုတ်ခဲ့သည်။
ရတနာပုံအသင်းသည် ဧရာဝတီယူနိုက်တက်ကို အနိုင်ရခဲ့သည့်အတွက် ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၆ တွင် ဆက်လက်ရပ်တည်ခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းသည် ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၁၀ တွင် ဆက်လက်ရပ်တည်နေသည်။