Features

AYA Pay အကောင်းဆုံးဆုကို ရခိုင်ယူနိုက်တက် ဂိုးသမားခန့်မင်းသန့် ရရှိ

By fridaythihazaw

January 31, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18) ပွဲစဉ် တစ်ပွဲ အဖြစ် ဇန်နဝါရီ ၃၀ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် ISPE အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရခိုင်ယူနိုက်တက်အသင်း ဂိုးသမား ခန့်မင်းသန့် ရရှိခဲ့ သည်။

ဂိုးမရှိသရေကျခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ပွဲတွင် ရခိုင်ယူနိုက် တက်ဂိုးသမား ခန့်မင်းသန့် (ကျောနံပါတ်-၂၂)သည် အကောင်းဆုံးလက်စွမ်းပြခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစား သမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

ခန့်မင်းသန့်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှကျော်ဝင်း က ချီးမြှင့်ပေးခဲ့သည်။

Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။